ဗုံးကြဲ
-
သတင်း
AA စိုးမိုးဒေသများကို စစ်တပ်ဗုံးကြဲတိုက်ခိုက်မှု ၁ လအတွင်း ၃၇ ဦးသေဆုံး၊ ၉၁ ဦးဒဏ်ရာရ
"ကျန်းမာရေးမကောင်းရင်လည်း ဆေးရုံ၊ ဆေးခန်းကိုမသွားရဲတော့ဘူး။ ဆေးရုံတွေကို ဗုံးကြဲတာတွေရှိတော့ ကြောက်နေရတယ်။ ဒီလိုပဲ စာသင်ကျောင်းတွေကိုလည်း ဗုံးကြဲနေတာတွေရှိတော့ ကလေးတွေအတွက် စိုးရိမ်ရတယ်။ဒါပေမဲ့ စာမသင်လို့မရတော့ ကျောင်းပို့ထားရတယ်"ဟု ဒေသခံတစ်ဦးကဆိုသည်။
-
သတင်း
ချင်းပြည်နယ် ပလက်ဝမြို့ကိုဗုံးကြဲမှု ကလေးငယ်များ အပါအဝင် ၅ ဦးသေ၊ ၁၇ ဦးဒဏ်ရာရ
ကျေးလက်ဒေသရှိ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ သိမ်နှင့် ကျေးရွာထဲကို ဗုံးလေးလုံး ကြဲချခဲ့မှုကြောင့် သေဆုံး၊ ထိခိုက်သူများထဲတွင် ကလေးငယ် အများအပြား ပါဝင်နေသည်။
-
သတင်း
မြောင်မြို့နယ်အတွင်း တရားစခန်းရှိရာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရ၊ ၁၂ ဦးသေဆုံး
အနီးအနားကျေးရွာများမှ ယောဂီများ တရားစခန်းဝင်နေသည့် ဆွဲလွဲအိုရွာရှိ ဘုန်းကြီးကျောင်းကို လေကြောင်းမှ ဗုံးကြဲချသဖြင့် ၁၂ ဦးသေဆုံးရာ သံဃာတော်များလည်း ပါဝင်ပြီး အများစုမှာ အမျိုးသားများဖြစ်သည်။
-
သတင်း
NUG ထိန်းချုပ်သည့် ပင်လည်ဘူးကို ၃ ရက်ဆက် ဗုံးကြဲ၊ ရွှေလုပ်ကွက်တွင် ၆ ဦးသေဆုံး
BNRA တပ်မှူးနှစ်ဦး ထွက်ပြေးသွားသည့် နောက်ရက်မှစတင်၍ သုံးရက်ဆက် ဗုံးကြဲမှုအတွင်း ရွှေလုပ်ကွက်ရှိ လုပ်သားများ အပါအဝင် အရပ်သား ၁၀ ဦးသေဆုံး၊ ၂၀ ဦးခန့် ဒဏ်ရာရခဲ့ကြသည်။
-
သတင်း
ရခိုင်တောင်ပိုင်း ဂွမြို့နယ်ဗုံးကြဲမှုတွင် မိသားစုဝင် ၈ ဦးသေဆုံး
ဧရာဝတီ- ရခိုင် နယ်မြေအစပ်၌ မြေပြင်တိုက်ပွဲ ပြင်းထန်နေစဉ် စစ်တပ်က လေကြောင်းဗုံးကြဲမှုများပါ နေ့စဉ်ရက်ဆက်လုပ်နေသဖြင့် ဒေသခံ ထိခိုက်သေဆုံးမှုများ ရှိနေသည်။



