အတွေးအမြင်
-
မြဝတီရှင်းတမ်း – လက်နက်ကိုင်ပဋိပက္ခ၊ ရာဇဝတ်ဂိုဏ်းများနှင့် လောင်းကစားမြို့တော်
နိုင်ငံအရှေ့တောင်ပိုင်း ကရင်ပြည်နယ်ထဲမှ နယ်စပ်မြို့ မြဝတီသည် လွန်ခဲ့သော ၃၅ နှစ်အတွင်း ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး အချက်အချာအကျဆုံးမြို့ ဖြစ်လာပြီး၊ နယ်စပ်ကုန်သွယ်ရေး တိုးတက်ဖြစ်ထွန်းလာသည့်အလျောက် မြို့ငယ်လေးအသွင်မှ နယ်စပ်မြို့ကြီးအဖြစ် တဖြည်းဖြည်း ဖွံ့ဖြိုးစည်ပင် ပြောင်းလဲခဲ့သည်။ နှစ်နိုင်ငံနယ်ခြားမျဉ်းအဖြစ် သတ်မှတ်ထားသော…
-
မြဝတီကျဆုံးခြင်းနှင့် ထိုင်းအစိုးရ ရင်ဆိုင်ရမည့် မြန်မာဒုက္ခသည် လှိုင်းအသစ်
အာဏာသိမ်းစစ်တပ်ကို မြန်မာပြည်သူများ လက်နက်ကိုင်တော်လှန်နေခဲ့သည့် ၃နှစ်လုံးလုံး၊ စစ်ကောင်စီကို အသိအမှတ်ပြုဆက်ဆံနေခဲ့သော အိမ်နီးချင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် Srettha Tharvisin ကိုယ်တိုင် ယခု နောက်ဆုံး စစ်ကောင်စီ “အင်အားချိနဲ့လာပြီ” ဟု ထုတ်ဖော်ပြောဆိုလာရပြီ ဖြစ်သည်။ မြန်မာပြည်သူများ စစ်ကောင်စီကို…
-
အရှေ့လေကို ဘယ်သူအန်တုမလဲ
နွေဦးတော်လှန်ရေးအတွင်းမှာ ပါဝင်မောင်းနှင်နေကြသော အင်းအားစုများကို လေ့လာကြည့်ပါက နှစ်မျိုးနှစ်စား ရှိသည်ဟု အကြမ်းဖျင်းမှတ်ယူနိုင်သည်။ (၁) နွေဦးတော်လှန်ရေးမတိုင်မီကတည်းက တည်ရှိနှင့်ပြီးသော တော်လှန်ရေးအင်အားစုများနှင့် (၂) နွေဦးတော်လှန်ရေးအင်အားစုများဖြစ်သည်။ နွေဦးတော်လှန်ရေးမတိုင်မီကတည်းက တည်ရှိခဲ့သော တော်လှန်ရေးအင်အားစုများ ဤအင်အားစုများကို ERO (Ethnic Resistance…
-
ရိုဟင်ဂျာဒုက္ခသည်စခန်းများရဲ့ မီးဘေး သံသရာ
စခန်းထဲ မီးလောင်နေပြီ ဆိုတဲ့ ဗလီအသံချဲ့စက်က သတိပေးသံကြောင့် ကျွန်တော်တို့မိသားစု အလန့်တကြား နိုးလာကြတယ်။ ဇန်နဝါရီလ ၇ ရက်နေ့ ညသန်းခေါင်မှာပါ။ ကျွန်တော်တို့ ကြောက်လန့်ပြီး အပြင်ကို အမြန်ထွက်ပြေးကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒုက္ခသည်စခန်းမှာ လောင်နေတဲ့ မီးတောက်ကြီးကြောင့် မနက်မိုးလင်းနေသလားလို့တောင် ထင်မှတ်ရလောက်အောင်ပါပဲ။…
-
ဆန်းစစ်ရန်လိုအပ်သော ထိုင်း၏ “လူသားချင်းစာနာထောက်ထားမှု” လုပ်ငန်းစဉ်
မြန်မာစစ်အုပ်စုဖန်တီးခဲ့သည့် အကျပ်အတည်းကို အဖြေရှာရာ၌ စစ်အုပ်စုကို အစိတ်အပိုင်းတစ်ခု အနေဖြင့် ဆက်ဆံနေခြင်းသည် အာရုံမှောက်မှားမှုသပ်သပ်သာဖြစ်သည်။



