ရုပ်သံ
-
ရခိုင်က မြို့နယ် ၂ ခုကို ဗုံးကြဲ၊ ဒေသခံ ၁ ဦးသေဆုံး ၁၄ ဦး ဒဏ်ရာရ
ရခိုင်ပြည်နယ်က မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို ဧပြီလ ၁၉ရက်နေ့မှာ စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၁ယောက် သေဆုံးပြီး၊ ၁၄ယောက်လောက် ဒဏ်ရာရသွားပါတယ်။
-
တရုတ်ဖိအား၊ TNLA အရွေ့နဲ့ တော်လှန်ရေး လားရာ
ပထဝီနိုင်ငံရေးအရလည်း မြန်မာအတွက် တရုတ်ရဲ့ အရေးပါမှုက အမေရိကန်ထက် ပိုတိုက်ရိုက်ကျပါတယ်။ တရုတ်ဟာ မြန်မာနိုင်ငံထဲက စစ်ပွဲတွေကို ပိုမိုပြင်းထန်စေဖို့လည်း စွမ်းနိုင်တယ်၊ ခဏရပ်သွားအောင်လည်း လုပ်နိုင်တယ်၊ တော်လှန်ရေးကြီးတစ်ခုလုံးရဲ့ အလားအလာနဲ့ ဗိုလ်မင်းအောင်လှိုင်ရဲ့ ဝတ်စုံပြောင်း သမ္မတလမ်းကြောင်းကိုလည်း သက်ရောက်နိုင်ပါတယ်။
-
နိုင်ငံရေးအကျင့်သီလထက် ကိုယ်ကျိုးစီးပွားကို ဦးစားပေးသော မြန်မာ့အိမ်နီးချင်းများ
မင်းအောင်လှိုင်သည် မည်သို့ပင် ဘောင်းဘီချွတ် အရေခွံလဲပါစေ၊ အာဆီယံ၏ အသိအမှတ်ပြုမှုကို ပြန်လည်ရရှိရန် လွယ်ကူမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် အာဆီယံ၏ အသိအမှတ်ပြုမှုသည် မြန်မာ မပါဝင်သော အဖွဲ့ဝင်နိုင်ငံအားလုံး၏ တူညီဆန္ဒအခြေခံပေါ် မူတည်နေ၍ ဖြစ်သည်။
-
မင်းအောင်လှိုင်ရဲ့ဟန်ပြလွတ်ငြိမ်းမှာသမ္မတဦးဝင်းမြင့်လွတ်သော်လည်းနိုင်ကျဉ်းများစွာကျန်နေ
နိုင်ငံတကာဖိအား လျှော့ချနိုင်ဖို့ အခါကြီးရက်ကြီးနေ့ရက်တွေမှာ အကျဉ်းသားထောင်ချီလွှတ်ပေးလေ့ရှိတဲ့ အာဏာသိမ်းစစ်တပ်ဟာ မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်တဲ့ ဒီကနေ့ ဧပြီလ ၁၇ရက်နေ့မှာလည်း အကျဉ်းသား ၄ထောင်ကျော်ကို ပြန်လွှတ်ပေးပြီး အဲ့ဒီထဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်လည်း ပါဝင်လာပါတယ်။
-
မြန်မာနောင်းရဲ့တပတ်တာအတွင်းသတင်းအစီအစဉ်
ဒီတပတ်ထဲမှာ တော့ ၁၀၂၇ စစ်ဆင်ရေးနဲ့ အာဏာသိမ်းစစ်တပ်ဆီကနေ ရှမ်းမြောက်မှာ မြို့တွေ သိမ်းနိုင်ခဲ့တဲ့ တအာင်းလက်နက်ကိုင်တပ် TNLA က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အရပ်သားအစိုးရအဖွဲ့ရဲ့ သမ္မတသစ်အဖြစ် အသိအမှတ်ပြုကြောင်း ဧပြီ၁၅ရက်မှာ ထုတ်ပြန်ဖော်ပြလိုက်ပါတယ်။


