-
သတင်း
နိုင်ကျဉ်း ဦးဒိန်းဒေါင်ကို မြင်းခြံထောင်အစီအစဉ်ဖြင့်သာ မိသားစုက သင်္ဂြိုဟ်ရ
မြင်းခြံထောင်တွင် ထောင် ၂၄ နှစ်ချခံထားရသည့် ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသားတစ်ဦး ဆေးကုသခွင့် လုံလောက်စွာမရ၍ ကွယ်လွန်ခဲ့ပြီးနောက် မိသားစုဝင်များက ရုပ်အလောင်း ထုတ်ယူခွင့် မရကြောင်း သိရသည်။
-
သတင်း
တယ်လီနောကုမ္ပဏီ အပြစ်ထင်ရှားလျှင် ဒဏ်ငွေအပြင် အကျိုးအမြတ်များသိမ်းဆည်းခံရနိုင်ကြောင်း နော်ဝေရဲပြော
မြန်မာစစ်တပ်၏ ရာဇဝတ်မှုများတွင် ကြံရာပါမှုစွပ်စွဲချက်ဖြင့် စုံစမ်းစစ်ဆေးခြင်း ခံနေရသည့် နော်ဝေအခြေစိုက် တယ်လီနော(Telenor) ကုမ္ပဏီသည် ဥပဒေကြောင်းအရ အပြစ်ထင်ရှားပါက ဒဏ်ငွေအပြင် တယ်လီနော(မြန်မာ) ဆက်သွယ်ရေးလုပ်ငန်းရောင်းချမှုမှရရှိခဲ့သော အကျိုးအမြတ်နှင့် ပိုင်ဆိုင်မှုများကို သိမ်းဆည်းခံရနိုင်ခြေရှိကြောင်း နော်ဝေရဲတပ်ဖွဲ့က ပြောသည်။
-
သတင်း
စစ်တပ်ထံ ဖုန်းသုံးစွဲသူအချက်အလက်များလွှဲပြောင်းမှု၊ ပိတ်ဆို့အရေးယူမှုများ ချိုးဖောက်မှုတိုင်ကြားချက်များအတွက်Telenor ကို စုံစမ်းစစ်ဆေးပြီ
စစ်တပ်ထံ ဖုန်းသုံးစွဲသူအချက်အလက်များလွှဲပြောင်းမှုသည် လူသားမျိုးနွယ်အပေါ်ကိုကျူးလွန်သည့် ရာဇဝတ်မှုများတွင် ပူးပေါင်းပါဝင်ရာရောက်ကြောင်း သံသယဖြင့် နော်ဝေရဲတပ်ဖွဲ့က တယ်လီနောကို စုံစမ်းစစ်ဆေးမှု စတင်လိုက်သည်။ ထို့အပြင် ပိတ်ဆို့အရေးယူမှုဆိုင်ရာ ဥပဒေ ချိုးဖောက်မှု စွပ်စွဲချက်ကိုပါ စုံစမ်းစစ်ဆေးနေကြောင်း နော်ဝေရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
-
သတင်း
ဧရာဝတီမြစ်တွင်းသွား စစ်သင်္ဘောကို ရွှေကူမြို့အနီး KIA ထပ်မံတိုက်ခိုက်၊ ၁၀ စီးထက်မနည်း ပျက်စီး
ယနေ့နံနက်က တိုက်ခိုက်ခဲ့သည့် သင်္ဘောပေါ်တွင် ဗန်းမော်အခြေစိုက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁)မှ ဒုတိယဗိုလ်မှူးကြီးနှင့် ခမရ (၃၂၀)မှ တပ်ရင်းမှူးတို့လည်း လိုက်ပါလာသည်ဟု သတင်းရထားကြောင်း KIA ထောက်လှမ်းရေး အရာရှိကဆိုသည်။
-
သတင်း
စစ်ရေးတင်းမာနေသည့် ပုဏ္ဏားကျွန်းမြို့အနီး ဗုံးကြဲမှု ၃ ဦး သေဆုံး
မြို့တော်စစ်တွေ၏ မြောက်ဘက်ကပ်လျက် AA ထိန်းချုပ်ဒေသအတွင်းလေကြောင်းတိုက်ခိုက်မှု နှစ်ရက်ပြုလုပ်ခဲ့စဉ် သာသနိကအဆောက်အအုံအချို့ ပျက်စီးကာ အရပ်သားထိခိုက်သေဆုံးမှု ရှိခဲ့ပြီး ထိုအထဲတွင် ဈေးဝယ်လာသူများ၊ ဒေသခံများနှင့် စစ်ရှောင်များ ပါဝင်နေသည်။



