-
သတင်း
RCSS ဖမ်းဆီးထားသည့် PNLO တပ်ဖွဲ့ဝင်များ PNO နှင့် စစ်တပ်ထံ လွှဲပေးခြင်း မဖြစ်သင့်ဟုဆို
RCSS က PNLO တပ်ဖွဲ့ဝင်များကို စစ်တပ်နှင့် PNO ပြည်သူ့စစ်ထံ လွှဲပြောင်းပေးလိုက်ခြင်းသည် တော်လှန်ရေးအဖွဲ့အချင်းချင်းကြား မဖြစ်သင့်သည့် ကိစ္စဖြစ်ကြောင်း PNLO သတင်းရင်းမြစ်အချို့က Myanmar Now ကိုပြောသည်။
-
သတင်း
စစ်တွေနှင့်ပုဏ္ဏားကျွန်းအစပ် တိုက်ပွဲများရှိလာပြီး လေကြောင်းကြောင့် သက်ကြီးပိုင်း ၂ ဦး သေဆုံး
စစ်တပ်အခြေစိုက်ရာ မြို့တော်စစ်တွေ၏ မြောက်ဘက် ပုဏ္ဏားကျွန်းနယ်ထဲမရောက်မီ မြို့နယ်နှစ်ခုအစပ် တိုက်ပွဲများ ရှိနေပြီး စစ်တပ်ကလည်း ဂွနှင့် ပုဏ္ဏားကျွန်းနယ်ထဲမှ အရပ်သားပစ်မှတ်များကို လေယာဉ်၊ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့၍ အရပ်သားသေဆုံးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။
-
သတင်း
တံတားဦးလေတပ် ဒရုန်းများဖြင့် တိုက်ခိုက်ခံရပြီး အနီးဝန်းကျင်ကို စစ်တပ်စစ်ကြောင်းဝင်
လေတပ်အခြေစိုက်စခန်း ဒရုန်းများဖြင့် တိုက်ခိုက်ခံရပြီးနောက် နာရီပိုင်းအတွင်း စစ်တပ်က နွားထိုးကြီး နှင့်တံတားဦး မြို့နယ်နှစ်ခုအစပ် ကျေးရွာတို့ကို စစ်ကြောင်းထိုးနေရာ ယနေ့ မွန်းလွဲပိုင်းအထိ တိုက်ပွဲများပြင်းထန်နေသည်ဟု သိရသည်။
-
သတင်း
ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌ ဦးမာကီ ပါတီမှနုတ်ထွက်၊ ပြည်သူ့ပါတီသည် လူထုအကျပ်အတည်း ဖြေရှင်းပေးရန် ပျက်ကွက်နေဟုဝေဖန်
ပါတီထိပ်ပိုင်းရာထူးရထားသော်လည်း ၎င်းအနေဖြင့် အလုပ်သမား၊ လယ်သမားအရေးကဲ့သို့ ပြည်သူများ၏ နစ်နာမှုများကို ပါတီအနေဖြင့် ကူညီဖြေရှင်းခွင့်မရှိခြင်း၊ ပါတီခေါင်းဆောင်အချို့နင့် သဘောထား မတိုက်ဆိုင်ခြင်းတို့ကြောင့် ပြည်သူ့ပါတီမှ နုတ်ထွက်ကြောင်း ဒုဥက္ကဋ္ဌနှင့် ပါတီပူးတွဲတည်ထောင်သူ ဦးမာကီကဆိုသည်။
-
သတင်း
ရှမ်းမြောက် ကုန်သွယ်ရေးလမ်းပေါ်ရှိ မြို့များတွင် စစ်တပ်နှင့် MNDAA စစ်ရေးတင်းမာ
မြန်မာ- တရုတ် ကုန်သွယ်ရေးလမ်းမပေါ်ရှိ MNDAA ထိန်းချုပ်မြို့များတွင် ညစဉ်နီးပါး လေကြောင်း ကင်းထောက်မှုနှင့် နှစ်ဖက်လုံး စစ်ရေးလှုပ်ရှားမှုများ ရှိလာသဖြင့် တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။



