-
သတင်း
ကုလသမဂ္ဂ အထူးသံတမန် ဂျူလီဘိရှော့ ယခုလအတွင်း မြန်မာနိုင်ငံသို့ လာမည်
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အရပ်သားသမ္မတအဖြစ် ကိုယ့်ကိုယ်ကိုယ် ခန့်အပ်ခဲ့ပြီးနောက် နိုင်ငံတကာတရားဝင်အသိအမှတ်ပြုမှုရရှိရေး ကြိုးပမ်းနေစဉ် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူလီဘိရှော့သည် မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ်မြောက် ခရီးစဉ်အဖြစ် ယခုလအတွင်း လာရောက်မည်ဖြစ်သည်။
-
သတင်း
ပုဂံမြို့တစ်ဖက်ကမ်းတွင် စစ်တပ်က မီးရှို့၊ သတ်ဖြတ်နေသဖြင့် ရွာ ၃၀ ကျော် ထွက်ပြေးရ
ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၏မြစ်တစ်ဖက်ကမ်း မြစ်ခြေ ဒေသတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး မီးရှို့၊ သတ်ဖြတ်မှုများ ပြုလုပ်နေသည်။
-
သတင်း
အင်းတော်မြို့ ပကဖရုံးကို စစ်တပ်ဗုံးကြဲ၊ သုံ့ပန်း ၅ ဦးနှင့် ပကဖ ၂ ဦးသေဆုံး
ဗုံးကြဲမှုကြောင့် စစ်သုံ့ပန်းငါးဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးသွားသည်။ မေလ ၁၃ ရက်မှ မေလ ၁၈ ရက်အထိအင်းတော်မြို့ အနောက်ဘက်တွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး တိုက်ပွဲဖြစ်ရာ နေရာများအပြင် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် နေရာများကိုပါ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
-
သတင်း
ကွတ်ခိုင်အပါအဝင် ထိန်းချုပ်ဒေသများတွင် MNDAA အစီအစဉ်ဖြင့်သာ ကျောင်းဖွင့်မည်
ကိုးကန့်တပ်ထိန်းချုပ်သော ဒေသများတွင် နိုင်ငံတကာသုံး အင်္ဂလိပ်စာ၊ တရုတ်စာ နှင့် အခြားဘာသာ စကားများကို နှစ်ချိန်ခွဲ သင်ကြားပေးမည်ဖြစ်ပြီး ကျောင်းများ အမြန်ဆုံးဖွင့်ရန် ပြင်ဆင်နေသည်ဟု သိရသည်။
-
သတင်း
ချင်းပြည်နယ် တွန်းဇံနှင့် ထိုင်းနယ်စပ် မောတောင်မြို့တို့ကို စစ်တပ်ပြန်သိမ်း
နိုင်ငံအနောက်မြောက်ပိုင်းရှိ ချင်းပြည်နယ် တွန်းဇံမြို့နှင့် တောင်ပိုင်းကမ်းရိုးတန်းဒေသ၊ ထိုင်းနယ်စပ်မြို့ မောတောင်တို့ကို စစ်တပ်က ယမန်နေ့(မေလ ၁၉ ရက်)တွင် ပြန်လည်သိမ်းပိုက်လိုက်သည်။



