-
ရုပ်သံသတင်း
အီရန် ပြန်အားကောင်းလာပြီလား
အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေအရ အီရန်ဟာ ဒရုန်းထုတ်လုပ်မှုတွေ ပြန်စနေပြီး ပျက်စီးသွားခဲ့တဲ့ စစ်ရေးစွမ်းရည်တွေကို မြန်မြန်ဆန်ဆန် ပြန်လည်တည်ဆောက်နေတယ်လို့ သိရပါတယ်။
-
သတင်း
တအာင်းတပ် လိုင်စင်ထုတ်ပေးသော The Mountain Bank ဇွန်လလယ်တွင် လည်ပတ်မည်ဟု ဆို
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ နမ္မတူနှင့် နမ့်ဆန်မြို့နယ်တို့တွင် တအာင်းတပ် ဘဏ်လိုင်စင် ထုတ်ပေးသော ဘဏ်ခွဲ သုံးခုကို နှစ်လယ်ပိုင်းတွင် စတင်ဖွင့်လှစ်သွားမည်ဟု စုံစမ်းသိရသည်။
-
သတင်း
ထိုင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ ခေါင်းပုံဖြတ်ခံရမှုနှင့် ပြန်ပို့ခံရမည့်အကြောက်တရားကြားတွင် ပိတ်မိနေဟု သုတေသီများပြောကြား
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားအများအပြားသည် အထောက်အထားမဲ့နေထိုင်ရသဖြင့် ဖမ်းဆီး ပြည်နှင်ဒဏ်ပေးခံရမည်ကို စိုးရိမ်ပြီး မည်သို့မျှ ပြန်လည် မတုံ့ပြန်ရဲကြကြောင်း ရွှေ့ပြောင်းလုပ်သားအရေး လှုပ်ရှားသူများနှင့် လေ့လာသူများက ပြောသည်။
-
ရုပ်သံသတင်း
ထိုင်ဝမ်ကို လက်နက်ရောင်းချမယ့်ကိစ္စဟာ တရုတ်နဲ့ ဆွေးနွေးမှုတွေမှာ ‘ကိုင်ဖဲ’ တစ်ချပ်လို့ ထရမ့် ပြော
တရုတ်နိုင်ငံနဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ရာမှာ ထိုင်ဝမ်ကို လက်နက်ရောင်းချမယ့် အစီအစဉ်ဟာ ‘အပေးအယူလုပ်စရာ ဖဲချပ်တစ်ခု’ ဖြစ်လာနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။
-
ရုပ်သံသတင်း
ချင်းပြည်နယ် တွန်းဇံနဲ့ ထိုင်းနယ်စပ် မောတောင်မြို့တွေကို စစ်တပ်ပြန်သိမ်း
တော်လှန်ရေးတပ်တွေရဲ့လက်ထဲက မြို့တွေကို ပြန်သိမ်းနေတဲ့ စစ်တပ်ဟာ ချင်းနဲ့ တနင်္သာရီက မြို့ ၂မြို့ကို ပြန်လည် သိမ်းပိုက်လိုက်ပါတယ်။



