-
ရုပ်သံသတင်း
“ပြည်သူ့ရဲဘော်တွေနဲ့ ယှဉ်လိုက်ရင် ကျွန်တော့်ဆုံးရှုံးမှုက ဘာမှမဟုတ်ဘူး”
“ပြည်သူ့ရဲဘော်တွေနဲ့ ယှဉ်လိုက်ရင် ကျွန်တော့်ဆုံးရှုံးမှုက ဘာမှမဟုတ်ဘူး” - ကိုဇွန်မိုးအောင်၊ မြန်မာ့လက်ရွေးစင် CDM ဘောလုံးသမား
-
သတင်း
မြန်မာ့အရေး သုတေသီ အမေရိကန်နိုင်ငံသား ဦးမင်းဇင်အား သူလျှိုမှုဖြင့် ဖမ်းဆီးထားကြောင်း တရုတ်အစိုးရ အတည်ပြု
ပေကျင်းမြို့တွင် ယနေ့(ဇွန်လ ၁၂) ကျင်းပသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက "တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ထိခိုက်စေသည့် သူလျှိုလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေမှု” ကြောင့် ဦးမင်းဇင်အား ထိန်းသိမ်းကာ “ရာဇဝတ်မှုဆိုင်ရာ အရေးယူဆောင်ရွက်မှု” ပြုလုပ်ထားသည်ဟု ပြောသည်။
-
ရုပ်သံသတင်း
ပထမကမ္ဘာစစ်ထက် ပိုကြာလာတဲ့ ရုရှားနဲ့ ယူကရိန်းစစ်ပွဲ
ရုရှားက ယူကရိန်းကို အခုနောက်ဆုံး ကျူးကျော်ခဲ့တဲ့ စစ်ပွဲဟာ ဒီနေ့ ဇွန်လ ၁၂ ရက်ဆိုရင် ၄ နှစ်နဲ့ ၃ လကျော်လာပြီး ရက်ပေါင်းအားဖြင့်လည်း ၁၅၇၀ ရက်မြောက်ကို ရောက်ရှိလာတာကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀…
-
ရုပ်သံသတင်း
ကျောက်ဖြူတိုက်ပွဲပြင်းထန်လာ၊ စစ်ဘေးရှောင်များ ထပ်မံတိမ်းရှောင်နေရ
ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာနဲ့အမျှ အရပ်သားနေရာတွေ၊ စစ်ဘေးရှောင်စခန်းတွေကိုပါ လေယာဉ်၊ စစ်သင်္ဘောတွေနဲ့ တိုက်ခိုက်မှုတွေ တိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အရင်က လူထောင်ချီခိုလှုံနေတဲ့ စစ်ဘေးရှောင်စခန်းတချို့လည်း လုံခြုံရေးအခြေအနေကြောင့် လူသူကင်းမဲ့သွားပြီး နောက်တစ်နေရာကို ထပ်မံပြောင်းရွှေ့သွားကြရပါတယ်။
-
သတင်း
ရွှေလီတွင် မြန်မာအလုပ်သမား ၅၀ လွတ်မြောက်ရေးနှင့် လူကုန်ကူးမှုဖြင့် အမှုဖွင့်ရေး ပရဟိတအဖွဲ့ ကြိုးပမ်း
တရုတ်အထည်ချုပ်စက်ရုံတစ်ခုအတွင်း ရေနစ်ပျောက်ဆုံးမှုနှင့် လုံခြုံရေးဝန်ထမ်းများ၏ ရက်ရက်စက်စက် ဝိုင်းဝန်းရိုက်နှက်မှု အပါအဝင် လူမဆန်သော ခေါင်းပုံဖြတ်မှုများကို မြန်မာလုပ်သားများက ဖော်ထုတ်ခဲ့သည်။ ယင်းနောက် မြန်မာရွှေ့ပြောင်းလုပ်သား ၅၀ သည် တရုတ်ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရပြီး ၎င်းတို့လွတ်မြောက်ရေးအတွက် အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူများက ဥပဒေကြောင်းအရ…



