-
ရုပ်သံသတင်း
ပြည်ခိုင်ဖြိုးအမတ်ဟောင်း ဈာပနအခမ်းအနား ရေဝေး၌ သိုသိုသိပ်သိပ်ပြုလုပ်
ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်းက ဗိုလ်တထောင်ဘုရားအနီးရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် သေနတ်နှင့် ပစ်သတ်ခံရသဖြင့် သေဆုံးသွားခဲ့သည့် ဆိပ်ကမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမတ်ဟောင်း ဦးနေမျိုးအောင်၏ ဈာပနအခမ်းအနားကို ယနေ့ ဇွန်လ၁၂ ရက်နေ့ မနက်ပိုင်းက ရေဝေးသုသာန်တွင်…
-
ရုပ်သံသတင်း
ငါးဇွန်မြို့နယ်၊ မင်းနေကုန်းရဲစခန်းကို Zero ပြောက်ကျားအဖွဲ့ဝင်တိုက် ရဲနှစ်ဦးသေဆုံး
ဇွန်လ ၂၂ ရက်နေ့ ညပိုင်းရှစ်နာရီခန့်တွင် ငါးဇွန်မြို့နယ် မင်းနေကုန်းရဲစခန်းကို Zero ပြောက်ကျားတပ်ဖွဲ့ဝင်များဝင်ရောက်စီးနင်းခဲ့တိုက်ခိုက်ခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း ပြောက်ကျားအဖွဲ့ဝင်တစ်ဦးကပြောသည်။ Zero ပြောက်ကျားအဖွဲ့ဝင်များသည် မြင်းခြံမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်နက်ကိုင်များကို မကြာခဏလုပ်ကြံလေ့ရှိပြီး ဒလန်သတင်းပေးများကိုလည်း အသက်အာမခံချက်မပေးနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထားသည်။ [youtube…
-
ရုပ်သံသတင်း
စစ်ကောင်စီကိုနှိမ်နင်းရန် တိုက်ပွဲခေါ်သံပေးမည်ဟု NUG ပြော
စစ်ကောင်စီတပ်များကို နှိမ်နင်းကြရန် အချိန်တစ်ခုရောက်ရင် တိုက်ပွဲခေါ်သံပေးမည်ဟု ဇွန်လ ၄ ရက်နေ့ ညနေပိုင်းတွင် ပြုလုပ်သည့် NUG ၏အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် NUG တွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ခင်မမမျိုးက ပြောကြားခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အွန်လိုင်းသတင်းစာရှင်းလင်းပွဲလုပ်သည့် ညနေ၅…
-
ရုပ်သံသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲရန် စစ်ကောင်စီက ကမ်းလှမ်းခဲ့ဟု ကာယကံရှင် ထုတ်ပြော
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲရန် စစ်ကောင်စီဘက်က အာဏာသိမ်းပြီးပြီးချင်း ကမ်းလှမ်းခဲ့သည်ဟု ကာယကံရှင်ဖြစ်သူ ဦးထွန်းမြင့်အောင်(ခ)ညီညီက Myanmar Now ကို ထုတ်ဖော်ပြောဆိုသည်။ ၎င်းနေထိုင်ရာ နေပြည်တော် လယ်ဝေးမြို့နယ်၊ ဟေမာန်ကျေးရွာက နေအိမ်နှင့်လမ်းတွင် လုပ်ကြံသတ်ဖြတ်ခံရရန် သုံးကြိမ်တိတိ ကြုံတွေ့ခဲ့ပြီးနောက်…
-
ရုပ်သံသတင်း
မြင်းခြံမြို့တွင် စစ်ကောင်စီအားပေး ယာဉ်ထိန်းရဲ ပစ်သတ်ခံရ
ယနေ့ ဇွန်လ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် မန္တလေးတိုင်း မြင်းခြံမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အသက် ၃၀ နှစ်ဝန်းကျင် ဒုတပ်ကြပ် ကိုမင်းမင်းမြတ် ဆိုသူ ဆိုင်ကယ်စီးလာစဉ် အမှတ် ၁၉ စွန်းလွန်းရပ်ကွက်…