အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မြင်းခြံမြို့တွင် စစ်ကောင်စီအားပေး ယာဉ်ထိန်းရဲ ပစ်သတ်ခံရ

ယနေ့ ဇွန်လ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် မန္တလေးတိုင်း မြင်းခြံမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အသက် ၃၀ နှစ်ဝန်းကျင် ဒုတပ်ကြပ် ကိုမင်းမင်းမြတ် ဆိုသူ ဆိုင်ကယ်စီးလာစဉ် အမှတ် ၁၉ စွန်းလွန်းရပ်ကွက် ရတနာမိုးစတိုးဆိုင်အနီးအရောက် သေနတ်သမားတစ်ဦးက ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ ယာဉ်ထိန်းရဲများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဆိုင်ကယ်စီးသူများကို ဖမ်းပြီး ဒဏ်ငွေ သိန်းချီ၍ ရိုက်သောကြောင့် ၎င်းယာဉ်ထိန်းရဲကို ပစ်သတ်ခဲ့ကြောင်း မြင်းခြံမြို့အခြေစိုက် စစ်ကောင်စီသတင်းပေး ဒလန်ရှင်းလင်းရေးအဖွဲ့ဟု ကြေညာထားသည့် ဇီးရိုးပြောက်ကျားတပ်ဖွဲ့မှ ယနေ့ သတင်း ထုတ်ပြန်ခဲ့ပြီး အဆိုပါ ဇီးရိုးပြောက်ကျားအဖွဲ့သို့ မြန်မာနောင်းမှ ဆက်သွယ်မေးမြန်းထားပါသည်။

[youtube https://youtu.be/IHpLTYodcpw]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles