အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ပြည်ခိုင်ဖြိုးအမတ်ဟောင်း ဈာပနအခမ်းအနား ရေ‌ဝေး၌ သိုသိုသိပ်သိပ်ပြုလုပ်

ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်းက ဗိုလ်တထောင်ဘုရားအနီးရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် သေနတ်နှင့် ပစ်သတ်ခံရသဖြင့် သေဆုံးသွားခဲ့သည့် ဆိပ်ကမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမတ်ဟောင်း ဦးနေမျိုးအောင်၏ ဈာပနအခမ်းအနားကို ယနေ့ ဇွန်လ၁၂ ရက်နေ့ မနက်ပိုင်းက ရေဝေးသုသာန်တွင် ပြုလုပ်ခဲ့ပါသည်။

ဤဈာပနအခမ်းအနားအား ပြည်ခိုင်ဖြိုးအမတ်ဟောင်းအချို့နှင့် ပါတီဝင်တစ်ရာခန့်က သိုသိုသိပ်သိပ်တက်ရောက်ခဲ့ကြသလို ယူနီဖောင်းဝတ် ရဲနှင့် စစ်သားများ လုံခြုံရေးယူထားမှု မတွေ့ရသော်လည်း စကားပြောစက်များ ကိုင်ဆောင်ထားသည့် အရပ်ဝတ်များ လုံခြုံရေးယူထားသည်ကို တွေ့ရသည်။

[youtube https://youtu.be/eU-hxnBp9jo]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles