-
သတင်း
ထိုင်း-မြန်မာနယ်စပ်မောတောင်မှစစ်ရှောင်၂,၀၀၀ကျော်ထိုင်းနိုင်ငံတောင်တန်းများပေါ်တွင်ခိုလှုံနေရ
ထိုင်း-မြန်မာနယ်စပ် နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ တနင်္သာရီမြို့နယ် မောတောင်မြို့မှ ထွက်ပြေးလာသည့် စစ်ဘေးရှောင် ၂၀၀၀ ကျော်သည် ထိုင်းနိုင်ငံ ပရာကျွတ်ခရိုင် Singkhong ရွာအနီး တောင်တန်းပေါ်တွင် တိမ်းရှောင်နေရသည်ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူအချို့ထံမှသိရသည်။
-
ရုပ်သံသတင်း
ရွေးကောက်ပွဲလုပ်မည့် ဖလမ်းကိုပြန်သိမ်းနိုင်ရေး စစ်တပ်ထိုးစစ်ဆင်နေ
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ကို ပြန်လည်သိမ်းပိုက်နိုင်ရေး အင်အားအလုံးအရင်းဖြင့် စစ်တပ်က ထိုးစစ် ဆင်နေမှုကို စုပေါင်းခုခံနေသဖြင့် တိုက်ပွဲပြင်းထန်နေကြောင်း ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထံက သိရသည်။
-
သတင်း
ဗန်းမော် မြို့သိမ်းတိုက်ပွဲ ၆ လကျော် အတွင်းမင်းကင်း PDF ဒုတပ်ရင်းမှူးနှင့် ရဲဘော် ၁၄ ဦးသေဆုံး
စစ်ကော်မရှင်တပ်၏ အသေခံဒရုန်းများဖြင့် ဗုံးကြဲမှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ်(၃)မှ ဒု−တပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးသွားသည်။
-
သတင်း
နိုဝင်ဘာလကုန် နောက်ဆုံးထား၍ မိုးကုတ်သို့ စစ်တပ် ပြန်ဝင်မည်
စစ်ကော်မရှင်တပ်ဖွဲ့များ မိုးကုတ်မြို့ပေါ် ရောက်နိုင်ရန် TNLA တာဝန်ယူရမည်ဖြစ်ပြီး အဆိုပါကိစ္စအတွက် တော်လှန်ရေးတပ်ဖွဲ့များနှင့် သဘောထားကွဲလွဲမှုများ ရှိနေသည်ဟု သိရသည်။
-
သတင်း
ရွှေကုက္ကိုနှင့် ကျောက်ခတ်ရှိ ငွေလိမ်ဂိုဏ်းများကို အရေးယူမည်ဟု စစ်ကော်မရှင်ဆို
အမေရိကန်နှင့်တရုတ်အစိုးရများက အာရုံစိုက်လာသောကြောင့် ၎င်းတို့နှင့် စီးပွားရေးပနံသင့်သော ကရင် လက်နက်ကိုင်နှစ်ဖွဲ့ ထိန်းချုပ်ရာ ရွှေကုက္ကိုနှင့် ကျောက်ခတ်ရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှု များကို အရေးယူမည်ဟု စစ်ကော်မရှင်က ကြေညာသည်။



