-
ဆောင်းပါး
အမေရိကန်ကို နေရာဖယ်ပြီး အာရှရဲ့ စစ်သူကြီးအသစ်ဖြစ်လာနေတဲ့ တရုတ်
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကြီးကို ပြုပြင်ပြောင်းလဲလျက်ရှိရာ အမေရိကန်တို့၏ စစ်အင်အားနှင့် မနီးယိုးစွဲဖြစ်လာနေပြီဖြစ်သလို တချို့ကဏ္ဍများမှာဆိုလျှင် အမေရိကန်တို့ထက်ပင် သာလွန်ခဲ့ပြီဖြစ်သည်။ အကယ်၍ ဒေသတွင်း စစ်ပွဲဖြစ်ပါက အမေရိကန်တို့ တရုတ်ကို နိုင်ပါလိမ့်မည်ဟု ကျိန်းသေ အာမမခံနိုင်တော့ပါ။