-
သတင်း
ရန်ကုန်မြို့လယ်ရှိ ဒေါ်လာသန်း ၇၀၀ ကျော်တန်စီမံကိန်း ပြန်စရန် ပြင်ဆင်နေ
ရထားရုံးချုပ်ဟောင်းကို အထပ်မြင့်အဆောက်အအုံများအဖြစ် အသွင်ပြောင်းမည့် စီမံကိန်းက စစ်ကောင်စီအတွက် ငွေရလမ်းဖြစ်နိုင်သည်ဟု စောင့်ကြည့်အဖွဲ့တစ်ခုက ထောက်ပြသည်။
-
သတင်း
ဟောင်ကောင်ကျောက်မျက်ပွဲတွင် စစ်ကောင်စီနှင့် နီးစပ်သည့် ကုမ္ပဏီလေးခု ပါဝင်မည်
စစ်ကောင်စီ နိုင်ငံခြားငွေ ရရှိရန် ပူးပေါင်းဆောင်ရွက်ပေးနေသော လုပ်ငန်းရှင်များက ပြည်ပ ကျောက်မျက်ရောင်းပွဲကြီးတစ်ခုတွင် ပါဝင်မည်ဟု သိရသည်။
-
သတင်း
ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့
တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင် ဒေါ်လာသန်း ၇၀၀ ကျော်အထိ ရောက်ရှိခဲ့သည်။
-
သတင်း
မျှော်တော်ဇောနှင့် မောရဦးမည့် ဗိုလ်ချုပ်ကြီးများ၏ မီးလင်းရေးအိပ်မက်
လျှပ်စစ်ရထား၊ လျှပ်စစ်ကားများ ပြေးဆွဲမည်၊ နျူကလီးယားမှသည် လေအား၊ နေအား လျှပ်စစ်စီမံကိန်းများ လုပ်မည်ဟု ကြွေးကြော်ထားသည့် အာဏာသိမ်းခေါင်းဆောင်က “မိမိတို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုမှာ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဖြစ်ပါတယ်” ဟု မကြာသေးမီက ဝန်ခံ ပြောဆိုခဲ့သည်။
-
သတင်း
စစ်ကောင်စီနှင့်လုပ်ငန်းများအတွက် ရုရှားက သီးသန့်ကိုယ်စားလှယ်ခန့်
မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းများ ရောင်းချပေးနေသည့် Rostec ကုမ္ပဏီမှ Vladimir Kazadeav ဆိုသူကို ကူးသန်းရောင်းဝယ်ရေးကိုယ်စားလှယ်အဖြစ် ရုရှားဝန်ကြီးချုပ်က ယခုလ ၁၁ ရက်တွင် ခန့်အပ်လိုက်သည်။



