-
ရုပ်သံသတင်း
NLD အနိုင်ရ မဲဆန္ဒနယ် ၂၀၀နီးပါးကို ပြည်ခိုင်ဖြိုး ကန့်ကွက်
အရှုံးကိုလက်ခံသော်လည်း တရားမဲ့ပြုကျင့်မှုဆိုင်ရာ အထောက်အထားရှိသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ထံ ကန့်ကွက်လွှာတင်သွင်းထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။ ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်သည့်အတွက် ကန့်ကွက်လွှာတင်သွင်းရခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီး အဆိုပါရွေးကောက်ပွဲကန့်ကွက်လွှာများအတွက်…
-
ရွေးကောက်ပွဲ
အနိုင်ရ ပြည်ခိုင်ဖြိုးဥက္ကဋ္ဌကို လူမျိုးရေးအကြောင်းပြ မဲဆွယ်မှုဖြင့် NLD ကန့်ကွက်
ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်
-
ရုပ်သံသတင်း
ပြည်ခိုင်ဖြိုးဥက္ကဋ္ဌကို NLD ဘာကြောင့်ကန့်ကွက်သလဲ
ရွေးကောက်ပွဲအနိုင်ရထားသည့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးကို အကြောင်းပြမဲဆွယ်ခဲ့ခြင်းအပြင် အခြားသော ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုများကြောင့်ဟုဆိုကာ NLD ဘက်က ယနေ့ ဒီဇင်ဘာ ၂၄ တွင် ကန့်ကွက်လွှာတင်သွင်းလိုက်သည်။ ကန့်ကွက်မှုကို ဦးသန်းဌေး၏ ပြိုင်ဘက် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေက…
-
ရုပ်သံသတင်း
ပြည်ခိုင်ဖြိုးပါတီက အလုံးအရင်းဖြင့် ရွေးကောက်ပွဲကန့်ကွက်လွှာတင်
ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ် ၅၀ဦးထက်မနည်းကို ကန့်ကွက်သွားမည်ဟု ထုတ်ပြောထားသည့် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဒီဇင်ဘာ ၂၃ မနက် ၁၁နာရီအထိ ကန့်ကွက်လွှာပေါင်း ၃၁မှုကို နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် လာတင်ခဲ့သည်။ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ…
-
ရွေးကောက်ပွဲ
ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ ပိုင်ဆိုင်မှုစာရင်းပို့ရန် NLD ညွှန်ကြား
ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်