ရုပ်သံသတင်း

ပြည်ခိုင်ဖြိုးဥက္ကဋ္ဌကို NLD ဘာကြောင့်ကန့်ကွက်သလဲ

ရွေးကောက်ပွဲအနိုင်ရထားသည့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးကို အကြောင်းပြမဲဆွယ်ခဲ့ခြင်းအပြင် အခြားသော ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုများကြောင့်ဟုဆိုကာ NLD ဘက်က ယနေ့ ဒီဇင်ဘာ ၂၄ တွင် ကန့်ကွက်လွှာတင်သွင်းလိုက်သည်။ ကန့်ကွက်မှုကို ဦးသန်းဌေး၏ ပြိုင်ဘက် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေက သူ့ကိုယ်စား ဇေယျာသီရိမြို့နယ်၊ NLD ဥက္ကဋ္ဌ ဦးသက်ထွေးကို ကိုယ်စားလှယ်လွှဲအပ်ထားပြီး ထိုအမှုကို နာမည်ကြီးရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဖြစ်သည်။

သတင်းနှင့်ရိုက်ကူး- မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now

[youtube https://youtu.be/korecSBND44]

Show More

Related Articles

Back to top button