-
သတင်း
စစ်အုပ်ချုပ်ရေး ကြေညာထားသည့် အင်းတော်၌ ထောင်တစ်သက်ချခံရသူ ၅ ဦးရှိလာ
တော်လှန်ရေးအဖွဲ့နှင့် ပတ်သက်သည်ဟု စွပ်စွဲ၍ စစ်ခုံရုံးဖြင့် အမိန့်ချခံရသူများမှာ အမျိုးသား နှစ်ဦး၊ အမျိုးသမီး သုံးဦးဖြစ််ပြီး မီးသွေးဖုတ်သူ၊ ဈေးသည်၊ ကျောင်းဆရာမ စသည်ဖြင့် ပါဝင်သည်။
-
သတင်း
ထီးချိုင့်တွင် လေတပ်ဗုံးကြဲ၊ ၈ နှစ်သမီးနှင့် အတူရှိနေသူများ သေဆုံး
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ တိုက်ခိုက်မှုများတွင် တောင်သူများ၏ တဲအိမ်တိုက်ခိုက်ခံရသဖြင့် လူကြီး ၃ ဦး၊ ကလေး ၁ ဦး သေဆုံးသည်။ ရွာများလည်း မီးရှို့ခံလိုက်ရသည်။
-
သတင်း
စစ်ကောင်စီလေတပ် ရွှေကူတွင် ဗုံးကြဲ၊ မြေပြင်မှ စစ်ကြောင်းထိုးတိုက်ခိုက်
လေတပ်က တစ်ရက်တည်းတွင် ချင်း၊ ကယား၊ ကချင်ဒေသတို့ကို သွားရောက် တိုက်ခိုက်ရာ ခုခံတော်လှန်သူများသာမက အရပ်သားများလည်း ထိခိုက်သေဆုံးရသည်။
-
သတင်း
ရွှေကူမြို့ တိုက်ပွဲများကြောင့် ဒေသခံ ထောင်ချီ တိမ်းရှောင်နေရ
ဒုတပ်ရင်းမှူး သေဆုံးသည်ဟုဆိုသော ရွှေကူမြို့နယ် ပစ်ခတ်မှုများတွင် လေကြောင်း တိုက်ခိုက်မှုလည်း ပါဝင်ပြီး ဒေသခံအများအပြား နေရပ်စွန့်ခွာနေရသည်။
-
သတင်း
ဖားကန့် ပစ်ခတ်မှုများတွင် ဒုရဲအုပ်တစ်ဦးနှင့် KIA တပ်ဖွဲ့ဝင်တစ်ဦး သေဆုံး
ဒုရဲအုပ်တစ်ဦး သေဆုံးသည့် ကင်းလှည့်ရဲကား တိုက်ခိုက်ခံရမှုအပြီး ရွာအတွင်း အရပ်ဝတ်နှင့် သွားလာနေသည့် KIA တပ်ဖွဲ့ဝင်တစ်ဦးကို ကင်းပုန်းဝပ်နေသည့် စစ်သားများက ပစ်ခတ်လိုက်သည်။



