အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထီးချိုင့်တွင် လေတပ်ဗုံးကြဲ၊ ၈ နှစ်သမီးနှင့် အတူရှိနေသူများ သေဆုံး

တိုက်ပွဲပြင်းထန်နေသည့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် စစ်ကြောင်းထိုးခြင်း၊ လေတပ်က ဗုံးကြဲခြင်းတို့ကြောင့် ၈ နှစ်သမီး အပါအဝင် ဒေသခံ ၄ ဦး သေဆုံးကာ ရွာ ၃ ရွာ မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

မတ် ၃၁ ညနေ ၅ နာရီခန့်က စစ်လေယာဉ်နှစ်စီးက တိုက်ခိုက်ရာ ထီးချိုင့်မြို့နယ် ပေါက်ကုန်းရွာ၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ ဝဲကြီးရွာနှင့် အင်ဒေါင်းရွာကြားတွင် ဗုံးများ ကျရောက်ပေါက်ကွဲခဲ့သည်။

အင်ဒေါင်းရွာနှင့် ဝဲကြီးရွာကြားတွင် တောင်ယာစိုက်ပျိုးနေသည့် မိသားစုတစ်စု၏ တဲအိမ်ကို ဗုံးထိမှန်ခဲ့ပြီး ၄ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထီးချိုင့်အခြေစိုက် တော်လှန်ရေးအဖွဲ့ Special 9 အဖွဲ့ဝင် ကိုဂျိူကာက ပြောသည်။

သေဆုံးသူတို့မှာ အသက် (၄၀) ကျော်အရွယ် ဦးစိုးနိုင်နှင့် ဒေါ်ညိုနွဲ့တို့ ဇနီးမောင်နှံ၊ အသက် (၂၀) ကျော်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၈) နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ဖြစ်သည်ဟု သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“သူတို့က တောင်ယာစိုက်ပြီးလို့ တဲထဲမှာ စုနေကြတာ၊ ထမင်းစားဖို့ လုပ်နေတုန်း တဲပေါ်ကို လက်နက်ကြီး တန်းကျတာ။ ၃ ယောက်က တစ်ခါတည်းသေပြီး ကလေးမလေးကတော့ ဆေးရုံရောက်ပြီးမှ ဆုံးတယ်” ဟု ကိုဂျိုကာက ပြောသည်။

စစ်ကောင်စီတပ်သည် ဧပြီ ၁ ရက်နေ့ကလည်း ထီးချိုင့်မြို့တောင်ဘက် ၅ မိုင်ခန့်အကွာရှိ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းနယ်စပ်မျဉ်းအနီးရှိသည့် ညောင်ပင်သာတိုက်နယ်ရွာကို မီးရှို့ခဲ့ကြသည်ဟု ဒေသခံများက ဆိုသည်။

ညောင်ပင်သာရွာမှာ သုံးရက်ဆက် မီးရှို့ခံခဲ့ရပြီး အိမ်ခြေအများစု မီးလောင်ပြာကျသွားသည်ဟု ဒေသခံအမျိုးသားက ပြောသည်။

“ညောင်ပင်သာရွာကတော့ တိုက်နယ်ဆေးရုံကြီးကိုပါ မီးရှို့ပစ်ကြတာ၊ အဲဒီရွာက ကြီးတယ်၊ အိမ်ခြေလည်း ၁,၀၀၀ နီးပါးလောက်ရှိတယ်” ဟု ဆိုသည်။ 

ဧပြီ ၂ ရက်နေ့တွင် ရတနာအောင်ရွာနှင့် မဲဇလီရွာအနီးတွင် အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်း ၂ ကြောင်းနှင့် ထီးချိုင့်-PDF အဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်တစ်စီးဖြင့် နှစ်ကြိမ် ဗုံးကြဲခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။

မွန်းလွဲပိုင်းတွင် ထီးချိုင့်-PDF အဖွဲ့က နောက်ပြန်ဆုတ်သွားရာ တိုက်ပွဲပြီးဆုံးခဲ့ကြောင်း၊ စစ်တပ်က အနီးအနားရှိ ရွာများဖြစ်သည့် ရတနာအောင်ရွာနှင့် မဲဇလီရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထီးချိုင့်-PDF အဖွဲ့နှင့် နီးစပ်သူ အသက် (၃၀) ကျော်အရွယ် ဒေသခံအမျိုးသားက ပြောသည်။

“မယ်ဇလီနဲ့ ရတနာအောင်ရွာကတော့ သုံးပုံနှစ်ပုံလောက်ပဲ ရှို့ခံရတယ်” ဟု သူက ပြောသည်။

မီးရှို့ခံရသည့် အဆိုပါ ရွာ ၃ ရွာ လူနေအိမ်ခြေများ ပျက်စီးမှုနှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

စစ်ကောင်စီက အထက်ပါဒေသ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားသည်။

ပြီးခဲ့သည့် မတ် ၂၀ ရက်နေ့ကလည်း ထီးချိုင့်မြို့အရှေ့မြောက်ဘက် ကျောက်မှော်ရွာအနီးတွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

စစ်ကောင်စီတပ်က ကချင်ပြည်နယ်အတွင်းသို့ လက်နက်ခဲယမ်းနှင့် စစ်ကူ၊ ရိက္ခာများ တင်ပို့ရာတွင် ဧရာဝတီမြစ်ကြောင်းကို အဓိက အားပြုလာရာ မြစ်ကြောင်းတစ်လျှောက်ရှိသည့် ထီးချိုင့်၊ ကသာ၊ မြို့လှ စသည့် ဒေသများမှ တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီတပ်ကို အဆက်မပြတ် တိုက်ခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles