-
သတင်း
မြိုင်တွင် ပိုက်ဆံမပေးသဖြင့် စစ်တပ်က ရေနံမှော်များကို မီးရှို့
ရေနံတွင်းအလိုက် ကျပ်နှစ်သိန်းမှ သုံးသိန်းအထိ တောင်းရာတွင် ပိုက်ဆံမရသည့် ရေနံတွင်းများကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်ဟု ဒေသခံ PDF ခေါင်းဆောင်နှစ်ဦးက ဆိုသည်
-
သတင်း
ရေစကြိုတွင် ထွက်ပြေးလာသည့် စစ်သားနှစ်ဦး PDF နှင့် ပူးပေါင်း
ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ မကွေးတိုင်း ရေစကြိုမြို့နယ်တွင် ခြေလျင်တပ်ရင်းအချို့မှ ထွက်ပြေးလာပြီး PDF နှင့် ပူးပေါင်းလာသည့် စစ်သား ၅ ဦးအထိရှိပြီဟု သိရသည်။
-
သတင်း
ဂန့်ဂေါရှိ စန်းမြို့ရွာကို စစ်တပ်က မီးထပ်ရှို့၊ အိမ် ၁၀၀ ကျော်မီးလောင်
အနီးဝန်းကျင် ကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကြောင်းနှစ်ခု ပူးပေါင်းကာ ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ပျူစောထီးများလည်း ပါဝင်သည်ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် ရွာခံတစ်ဦးက ပြောသည်။
-
သတင်း
ထားဝယ်မြို့ Dawei Watch သတင်းဌာနမှ ၃ ဦး အဖမ်းခံရ
အာဏာသိမ်းစစ်ကောင်စီတပ်က တနင်္သာရီတိုင်းအခြေစိုက် Dawei Watch သတင်းဌာနမှ သတင်းထောက်နှစ်ဦးနှင့် ရုံးအဖွဲ့ဝင်တစ်ဦးတို့ကို ဖမ်းဆီးလိုက်သည်။
-
သတင်း
စစ်တပ်က ထိုးစစ်ဆင်နေသည့် မြိုင်တွင် မီးရှို့ခံရသည့်အိမ် ၅၀ နီးပါးရှိလာ
မီးရှို့ခံရသည့် ကျေးရွာခြောက်ရွာအပြင် အခြားကျေးရွာများတွင်လည်း စစ်တပ်ဝင်ရောက်စဉ် နေအိမ်များ ဖျက်ဆီးခံရခြင်း၊ ပစ္စည်းများ ခိုးယူခံရခြင်းများရှိသည်ဟု PDF ခေါင်းဆောင်နှင့် ဒေသခံအချို့က ဆိုသည်။