-
သတင်း
ခင်ဦးအရှေ့ပိုင်း ကျေးလက်ဒေသ ဗုံးကြဲခံရမှု အရပ်သား ၄ ဦးသေဆုံး
ရွှေဘို-မြစ်ကြီးနား ကားလမ်း၏ အရှေ့ဘက် စည်ကားသည့်ကျေးရွာကြီးတစ်ရွာကို ညပိုင်း၌ လေယာဉ်၊ ဆူဆိုက်ဒရုန်းတို့ဖြင့် တိုက်ခိုက်ရာ သားအမိ အပါအဝင် အရပ်သားလေးဦး သေဆုံးသွားသည်။
-
သတင်း
ရွှေဘိုမြို့အနီး လေကြောင်းဗုံးကြဲမှုကြောင့် PDF ၁ ဦး သေ၊ အရပ်သား ၄ ဦး ဒဏ်ရာရ
စစ်တပ် စခန်းချသောရွာ တိုက်ခိုက်ခံရပြီးနောက် အနီးဝန်းကျင်ရွာများကို လေကြောင်း တိုက်ခိုက်မှုများ လုပ်နေရာ မဲတောရွာကို ဗုံးကြဲခဲ့စဉ် PDF တစ်ဦး သေဆုံးကာ အရပ်သား လေးဦး ဒဏ်ရာရခဲ့သည်။
-
သတင်း
ရွှေဘိုနယ် စစ်ရှောင်စခန်း ဗုံးကြဲခံရပြီး ရဟန်းအပါအဝင် ၂ ဦး သေဆုံး
ဧရာဝတီမြစ်ဖြတ်ကူး၍ ထွက်ပြေးလာကြသော မန္တလေးစစ်ရှောင်များ ခိုလှုံနေထိုင်သော ရွှေဘိုနယ်မှ စခန်းတစ်ခုကို စစ်လေယာဉ်နှစ်စီး ယနေ့ ဗုံးကြဲ၊ ပစ်ခတ်ခဲ့စဉ် ရဟန်းတစ်ပါးနှင့် အမျိုးသမီးကြီးတစ်ဦးတို့ သေဆုံးသွားကြသည်။
-
ဓာတ်ပုံအက်ဆေး
တောတောင်များအတွင်း ကာလရှည် ခိုလှုံနေရသည့် ပေါက်မြို့နယ်မှ စစ်ဘေးရှောင်များ
နိုင်ငံအလယ်ပိုင်း မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းမရှိ၊ ကုန်သွယ်ရန် လမ်းပန်းမသင့်သည့် တော ၊တောင်တို့အတွင်း နေထိုင်ကြရသည့် စစ်ဘေးရှောင်တို့သည် ကပ်မိုး၊ ကပ်ကာ တဲငယ်လေးများဖြင့် နေထိုင်ကြရသည်။
-
သတင်း
တန့်ဆည် ဘုန်းကြီးကျောင်း ဗုံးကြဲပစ်ခတ်ခံရပြီး ကိုရင်ငယ် အပါအဝင် ၅ ဦး သေဆုံး
လေကြောင်းတိုက်ခိုက်မှုအတွင်း ကိုရင်ငယ်တစ်ပါး အပါအဝင် ဒေသခံ ငါးဦး သေဆုံးသွားပြီး ကိုရင်တစ်ပါး ပျောက်ဆုံးနေသည်ဟု သိရသည်။



