အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောက်မဲဘုန်းကြီး လုပ်ကြံခံရမှု တရားခံကို မသိသေး

ရှမ်းပြည်နယ်တွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်စဲရန် မကြာခဏ ထုတ်ဖော်ပြောလေ့ရှိသည့် ကျောက်မဲမြို့မှ ကျောင်းထိုင်ဆရာတော်တစ်ပါး လုပ်ကြံခံရမှု နှစ်လပြည့်တော့မည် ဖြစ်သော်လည်း သေနတ်သမားတို့ကို ခြေရာမခံနိုင်သေးကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၆ ရက်နေ့တွင် ပြောသည်။

ဓမ္မမေဒနီရွှေကျင်ကျောင်းဆရာတော် ဦးကလျာဏဝံသကို အောက်တိုဘာ ၅ ရက်နေ့က သူ၏ကျောင်းအတွင်း ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက ဝင်ရောက် လုပ်ကြံသွားခြင်း ဖြစ်သည်။ သက်တော် ၄၇ နှစ်၊ ဝါတော် ၂၇ ဝါ ရှိသည့် ဆရာတော်သည် ဆေးရုံရောက်အပြီး မိနစ်ပိုင်းအတွင်း ပျံလွန်တော်မူခဲ့သည်။

ကျောက်မဲမြို့ ရဲစခန်းမှူးက သေနတ်သမားတို့သည် တောတွင်းလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ ဖြစ်နိုင်ကြောင်း ခန့်မှန်းသည်။

အခင်းဖြစ်ပွားသည့်နေရာတွင် ‘လျူဂါ’ ပစ္စတို ကျည်ဆန်ခွံ ၇ ခု တွေ့ရကြောင်း၊ ထိုလက်နက်ငယ်မျိုးကို တောတွင်းလက်နက်ကိုင်အဖွဲ့များ သုံးစွဲလေ့ရှိကြောင်း ရဲမှူး ဟန်ဝင်းလှိုင်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ဘယ်အဖွဲ့ဆိုတာ တရားသေ မပြောနိုင်သေးဘူး။ ဖမ်းဆီးရမိမှုလည်း အချိန်ပေါ် မူတည်တယ်” ဟု ၎င်းက ပြောသည်။

အမှုစုံစမ်းဖော်ထုတ်ရာတွင် နယ်မြေမလုံခြုံမှုကြောင့် တပ်မတော်၏ အကူအညီကို ရယူနေရကြောင်း၊ အမာခံသတင်းပေးတချို့ကိုလည်း စုံစမ်းခိုင်းထားကြောင်း ၎င်းက ဆိုသည်။

အမှုနှင့် ပတ်သက်ပြီး မည်သူ့ကိုမျှ ခေါ်ယူ ထိန်းသိမ်း စစ်ဆေးရခြင်း မရှိသေးကြောင်း သိရသည်။

လက်နက်ကိုင်ပဋိပက္ခဒေသတွင် လုပ်ကြံသတ်ဖြတ်မှုတချို့ ရံဖန်ရံခါ ဖြစ်ပွားလေ့ ရှိသော်လည်း ကျောင်းထိုင်ဘုန်းကြီးတစ်ပါး အထူးသဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်ရန် တိုက်တွန်းနေသော ဒေသတွင်း သြဇာကြီးရဟန်းတစ်ပါး လုပ်ကြံခံရခြင်းမှာ ရှားပါးသည့် ဖြစ်ရပ် ဖြစ်သည်။

အဆိုပါလုပ်ကြံမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကမျှ ၎င်းတို့၏ လက်ချက် ဖြစ်ကြောင်း ကြေညာခြင်း မရှိသေးပေ။ဆရာတော်၏ဈာပနကို အောက်တိုဘာ ၁၁ တွင် ပြုလုပ်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles