အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မော်လမြိုင်ကျွန်းတွင် စစ်ကောင်စီ၏ ပြည်သူ့စစ်ခေါင်းဆောင် ပစ်ခတ်ခံရ

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့၊ ၅လမ်းရှိ ခုတင် ၅၀ ပြည်သူ့ဆေးရုံရှေ့တွင် ယမန်နေ့ (နိုဝင်ဘာလ ၈ ရက်) ည ၉ နာရီခန့်က ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်တင့်ဦးဆိုသူ လက်မောင်းတွင် သေနတ်ဒဏ်ရာရသွားသည်ဟု သိရသည်။

ဦးကျော်တင့်ဦးမှာ မော်လမြိုင်ကျွန်းမြို့ အမှတ် ၁၂ ရပ်ကွက်ရုံးရှိ  စစ်ကောင်စီ၏ ဌာနေပြည်သူ့စစ်တပ်ခွဲရုံး၏ ခေါင်းဆောင်ဖြစ်​ကြောင်း၊ ပြည်သူအပေါ် ဖိနှိပ်မှုများကို တက်ကြွစွာပါဝင်နေကာ အာဏာသိမ်းမှုဆန့်ကျင်သူများကို Facebook မှတစ်ဆင့် ခြိမ်းခြောက်လေ့ရှိကြောင်း ၎င်းကို ဦးတည်သည့် ပစ်ခတ်မှုကို စီစဉ်သူတစ်ဦးက ပြောသည်။

“စစ်ကောင်စီအလိုကျ ဆက်လက်လုပ်ကိုင်နေမယ်ဆိုရင် လူထုကို ဆက်ပြီးဒုက္ခပေးနေမယ်ဆိုရင် အပြီးတိုင်သုတ်သင်ရှင်းလင်းသွားပါမယ်” ဟု ဧရာဝတီလင်းပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုပစ်ခတ်မှုကို မော်ကျွန်းမြို့ပြပြောက်ကျားတပ်ဖွဲ့၊ ဝါးခယ်မမြို့ပြပြောက်ကျားတပ်ဖွဲ့တို့နှင့် ပူးပေါင်းလုပ်ဆောင်သည်ဟု ၎င်းထံမှ သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးကျော်တင့်ဦးနှင့် စစ်ကောင်စီတာဝန်ရှိသူများထံ မေးမြန်းနိုင်ခြင်းမရှိသေးပါ။

“ပစ်ခတ်မှုပြီးတော့ မော်ကျွန်းမြို့မှာ ရဲနဲ့ စစ်သားတွေ ခြေရူပ်နေတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်တပ်ကို နိုင်ငံအနှံ့ ရရာလက်နက်ဖြင့် ခုခံတော်လှန်နေသည့်၊ စစ်ကောင်စီယန္တရားကို အထောက်အပံ့ပေးနေသူများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် ဒေသများအတွင်း ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့လည်း ပါဝင်သည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့ အမှတ် ၁၂ ရပ်ကွက် ဌာနေပြည်သူ့စစ်တပ်ခွဲ။ (ဓာတ်ပုံ- ပေးပို့)

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button