အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ဗိုလ်ချုပ်ရုပ်တု စိုက်ထူသည့် ကယားပြည်နယ်အစိုးရကို ရန်ကုန်တွင်လည်း ဆန္ဒပြ

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တု စိုက်ထူတာကို ကန့်ကွက်တဲ့ အနေနဲ့ တက်ကြွလှုပ်ရှားသူ လူငယ် ၄၀ ကျော်က ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့လည်းဖြစ်တဲ့ ဒီကနေ့ ညနေ ၃ နာရီမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ကရင်နီ တိုင်းရင်းသားတချို့ အပါအဝင် ရန်ကုန် အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတချို့ ပူးပေါင်း ပါဝင်ခဲ့ကြတဲ့ ဆန္ဒပြသူတွေဟာ ဝန်ကြီးများရုံးရှေ့မှစ၍ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်းအတိုင်း ချီတက်လာကြပြီး မဟာဗန္ဓုလပန်းခြံ လွတ်လပ်ရေးကျောက်တိုင်ရှေ့မှာ အဆုံးသတ်ခဲ့တာပါ။

ဒါ့အပြင် ဆန္ဒထုတ်ဖော်သူတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေနဲ့ ကယားပြည်နယ်အစိုးရဲ့ လုပ်ရပ်တွေကို ရပ်တန်းက ရပ်အောင် တားဆီးပေးဖို့၊ ကယားပြည်နယ်မှာ မတရားဖမ်းဆီးထားတဲ့ လူငယ်တွေကို လွှတ်ပေးဖို့ စတာတွေ တောင်းဆိုခဲ့ကြပါတယ်။

အလားတူ ဒီကနေ့မနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တုစိုက်ထူတာကို ကန့်ကွက်တဲ့ဆန္ဒပြပွဲ ဆက်လက် ပြုလုပ်ခဲ့ပြီး အာဏာပိုင်တွေက ရာဘာကျည်သုံး ပစ်ခတ် နှိမ်နင်းရာမှာ ၄ ဦးထက်မနည်း ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)

[youtube https://youtu.be/wx4T0og4TUg]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button