ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ထူလွှီးဘီလာကျေးရွာနှင့် ခြေတော်ရာဘုရားအနီး ယနေ့(ဒီဇင်ဘာ ၃) မွန်းလွဲပိုင်း ၁ နာရီခန့်က မိနစ် ၄၀ ခန့် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က လာရာလမ်းအတိုင်း ပြန်ဆုတ်သွားသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ပြောသည်။
မိနစ် ၄၀ ခန့် ကြာမြင့်သည့် တိုက်ပွဲဖြစ်ရာ အနီးရှိ ထူလွှီးဘီလာကျေးရွာမှ နေအိမ် ၅ လုံးထက်မနည်းကို စစ်တပ်က မီးရှို့သည်ဟု KNDF က ပြောသည်၊ စစ်ကောင်စီထံမှ တုံ့ပြန်ချက် မရသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/7qgExM2cPDo]