အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကံပေါက်တွင် သတင်းပေး အသတ်ခံရ၍ ရောက်လာသည့် စစ်ကားသုံးစီး မိုင်းဆွဲခံရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် စစ်ကောင်စီသတင်းပေးတစ်ဦး အသတ်ခံရပြီးနောက် နိုဝင်ဘာ ၁၉ ရက်က လာရောက်သည့် စစ်ကားသုံးစီး ကြားဖြတ်တိုက်ခိုက်ခံခဲ့ရသည်။

ရေဖြူမြို့နယ် ဖားချောင်းရွာသို့ လာရောက်သည့် စစ်ကားသုံးစီးကို တောင်ရင်းအင်း-ဖားချောင်း လမ်း ပိုင်း မြေခဲတောင်နှင့် ဆယ်အိမ်စုရွာကြားတွင် ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ကံပေါက်ဒေသ ကာကွယ်ရေးအဖွဲ့ (KBDF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။   

စစ်ကားသုံးစီးကို လက်လုပ်မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီဘက်မှ စစ်သားနှစ်ဦး အပါအဝင် ဒဏ်ရာရသူ အများအပြားရှိကြောင်း PDF အဖွဲ့များ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း KBDF က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။​

ဖြစ်စဉ်အတွင်း စစ်ကားတစ်ဦး မိုင်းထိကာ မြောင်းထဲထိုးကျပျက်စီးသွားပြီး ဒဏ်ရာရသူများကို ကံပေါက်ဒေသရှိ မောရ၀တီရေတပ်စခန်းဌာနချုပ် ဆေးရုံသို့ သယ်ဆောင်သွားသည်ဟု အနီးအနားရှိ ဒေသခံရွာ သားအချို့က  ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒဏ်ရာရသူအများစုသည် ကံပေါက်ဒေသခြေစိုက် ခြေလျင်တပ်ရင်း (ခလရ)၂၇၃ တပ်မှ အသက်အရွယ် ကြီးသည့် စစ်သားများဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

“ဆေးရုံရောက်လာတာ ကံပေါက်တပ်က စစ်သားအိုတွေပါ။ ခြေပြတ်၊ လက်ပြတ် ဒဏ်ရာတွေ ရထားကြတယ်။ သူတို့က ရှေ့တန်းမထွက်ချင်ကြဘူး။ အေးဆေးပဲ နေချင်ကြတာ” ဟု ၎င်းက ပြောသည်။

ဖားချောင်းရွာနေ အသက် ၅၀ အရွယ် စစ်ကောင်စီသတင်းပေးဆိုသူ ဦးကျော်ဦးမှာ နိုဝင်ဘာ ၁၈ ရက် ညပိုင်းက နေအိမ်တွင် သေနတ်ပစ်သတ်ခံရပြီးနောက် စစ်တပ်က ကားသုံးစီးဖြင့် ထွက်လာစဉ် ထိုသို့ ကြား ဖြတ်တိုက်ခိုက်ခံရခြင်းဖြစ်သည်။ 

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဖားချောင်းရွာအတွင်း ဝင်လာသည့် စစ်ကားများက ဒေသခံ ဘုန်းကြီး ကျောင်းမှ ကားတစ်စီးကို အရှေ့မှမောင်းခိုင်းကာ အကာအကွယ်ယူခဲ့ကြောင်း သိရသည်။

ထိုသို့တိုက်ခိုက်ခံရပြီးနောက် ညပိုင်းတွင် စစ်သား အင်အား ၁၀၀ ကျော်သည် စစ်ကား ၁၄ စီးဖြင့် ဖားချောင်းရွာသို့ ရောက်လာကာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ကျေးရွာအုပ်ချုပ်ရေးရုံးတို့၌ တပ်စွဲလိုက်ကြောင်း ရွာသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ရွာထဲမှာ ရွာသားတွေတောင် သိပ်မရှိတော့ဘူး။ သူတို့(စစ်ကောင်စီတပ်သား)တွေ မတရား ဖမ်းမှာစိုးလို့ ရှောင်နေကြရတယ်” ဟု ၎င်းက ပြောသည်။ 

ယမန်နေ့နံနက်တွင် တောင်ယာနှင့်ဥယျာဉ်ခြံများအတွင်း တိမ်းရှောင်နေသည့် ရွာသားများအား နေအိမ်သို့ ပြန်လာရန်နှင့် PDF များ ထောက်ပံ့ကူညီခြင်း မပြုရန် စသည်ဖြင့် စစ်သားများက ခြိမ်းခြောက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ဖားဆောင်းရွာ ဒေသခံများ ပိုင်ဆိုင်သည့် ကျွဲ၊ နွားများကို စစ်သားများက ယူထားပြီး အင်အား ၄၀ ခန့် ပါဝင်သော စစ်ကောင်စီစစ်ကြောင်းတစ်ခု ဖားချောင်း- မြန်မာရှင်ထဘီရွာတစ်ဝိုက် စစ်ကြောင်းထိုး လှုပ်ရှားလျက်ရှိသည်ဟု သိရသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်ညပိုင်းကလည်း ကံပေါက်ဒေသရှိ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ရုံးများ ဖောက်ခွဲမှုကို ကံပေါက်ဒေသကာကွယ်ရေးအဖွဲ့ (KBDF) က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် စရဖရုံးရှိ စစ်ကောင်စီတပ်သားနှစ်ဦး ပြင်းထန်စွာဒဏ်ရာ ရရှိခဲ့ကြောင်း KBDF က ထုတ်ပြန်ထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button