ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကင်းစခန်းကို စစ်ကောင်စီက ယနေ့ (နိုဝင်ဘာ ၁၇) နံနက်အစောပိုင်းတွင် အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တပ်ဖွဲ့ဝင် ၉ ဦး အစောင့်ချထားသည့် PDF ကင်းစခန်းကို မိုးဗြဲအခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ၄၂၂ က သာလွန်အင်အားဖြင့် တိုက်ခိုက်ခြင်းဖြစ်ပြီး PDF တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/BBApNPSJA2Q]