အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သက်ငယ်မုဒိမ်းမှုဖြင့် အလိုရှိနေသည့် ဘုန်းကြီးကို အထူးအဖွဲ့ဖြင့် ရဲက ရှာဖွေနေ

အမျိုးသမီးငယ် လေးဦးအား အဓမ္မပြုကျင့်မှုဖြင့် ရဲကအလိုရှိနေသည့် ပုသိမ်မြို့ရေသိုးကျေးရွာရှိ စိတ္တသုခဘုန်းကြီးကျောင်းထိုင်ဆရာတော်အား အထူးအဖွဲ့ဖြင့် ရဲက ရှာဖွေနေသည်။

လွန်ခဲ့သည့် ၅လကျော် ဧပြီလအတွင်းက အသက်၅၆နှစ်အရွယ် ဦးနန္ဒသီရိသည် သူ၏ကျောင်းတွင် ကျောင်းအိပ်ကျောင်းစား ပညာသင်ကြားနေသည့် အသက် ၁၀နှစ်မှ ၁၄နှစ်အရွယ် ကျောင်းသူလေးဦးအား အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံရပြီးကတည်းက လူမြင်ကွင်းမှ ပျောက်ကွယ်နေခြင်းဖြစ်သည်။

“စီမံချက်တွေချပြီး ဆောင်ရွက်နေတာမို့ မကြာခင် ဖမ်းဆီးနိုင်ပါလိမ့်မယ်” ဟု ဧရာဝတီတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးထွန်းရွှေက Myanmar Nowကို ပြောသည်။
အဆိုပါမိန်းကလေးငယ်များသည် ဘုန်းတော်ကြီးကျောင်းနှင့် တစ်မိုင်ခန့်အကွာရှိ ရွာငယ်လေးများတွင် နေထိုင်ကြသူများဖြစ်သည်။

စာသင်ကျောင်းတည်ရှိရာ ရေသိုးကျေးရွာသို့ နေ့စဉ်လာရောက်ရန်အတွက် ဆိုင်ကယ်ကယ်ရီခ မတတ်နိုင်သည့်အတွက် ဦးနန္ဒသီရိ၏ကမ်းလှမ်းမှုဖြင့် စိတ္တသုခဘုန်းကြီးကျောင်းတွင် ကျောင်းအိပ်ကျောင်းစားဖြင့် ထားရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ စာသင်နှစ်တစ်နှစ်လုံး ပြုကျင့်ခံခဲ့ရသည်ဟု ကလေးငယ်များက ထွက်ဆိုထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကလေး လေးယောက်၏ မိဘများက ဧပြီလ ၂၆ ရက်နေ့တွင် စတင်အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ၅ လ ကျော်ကြာမြင့်သည့်တိုင် ထူးခြားမှုမရှိသည့်အတွက် အမှုဖွင့်ထားသည့် သလပ်ခွာနယ်မြေ ရဲစခန်းတွင် အမှုတွဲ ပြန်တောင်းခဲ့သော်လည်း ရဲစခန်းမှ ပေးအပ်ခဲ့ခြင်းမရှိဟု တရားလိုတစ်ဦးဖြစ်သူ မသင်းသင်းကပြောသည်။

“သူတို့လုပ်နေတာတွေ လုံးဝအားမရဘူး၊ မေးလိုက်တိုင်း မိတော့မယ်ပြောနေတာပဲ တကယ်ခံလိုက်ရတာက ကျွန်မတို့လေ ” ဟု မသင်းသင်းကပြောသည်။

စွပ်စွဲခံရသူအား ဦးနန္ဒသီရိ(ခ)ဦးလူလေး(ခ)ဦးခင်မောင်ဦးကို မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားပြီး တရားခံပြေးအဖြစ် ကြေညာထားကာ ပုသိမ်မြို့နယ်အပါအဝင် မြို့နယ် ၅ ခုခန့်တွင် စုံစမ်းနေသည်ဟု ရဲတပ်ဖွဲ့ကထုတ်သည်။

အမှုကိုလိုက်ပါကူညီဆောင်ရွက်ပေးခဲ့သည့် ရေသိုးကျေးရွာမှ ကျေးရွာလူကြီး ဦးရွှေအေးက ရဲစခန်းသို့ အကြိမ်ကြိမ်သွားရောက်ခဲ့သော်လည်း ထူးခြားမှုမရှိသေးသည့်အကြောင်းသာ ကြားခဲ့ရကြောင်းပြောသည်။

“အစကတည်းက ကူညီနိုင်သလောက် ကူညီပေးတာပဲ မမိသေးဘူးဆိုတော့ ဘာဆက်လုပ်ရမှန်းကို မသိတော့ဘူး ” ဟု ဦးရွှေအေး ကပြောသည်။

ဆက်စပ်ဖတ်ရှုရန် –

မူလတန်းကျောင်းသူ ၄ ဦးကို လိင်မတရားကျင့်မှုဖြင့် ရဲကအလိုရှိနေသည့်ဘုန်းကြီးကိုမမိသေး

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button