အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

​ထီးချိုင့် စစ်ယာဉ်တန်းတိုက်ခိုက်မှုတွင် ဗိုလ်မှူးတစ်ဦး သေဆုံးဟု PDF ပြော

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် အရပ်ဘက် မော်တော်ယာဉ် ၃ စီးဖြင့် ဖြတ်သန်းသွားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ (အောက်တိုဘာ ၁၇) ည၌ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့သည်ဟု ထီးချိုင့်ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (HPDF) က ပြောသည်။

မန္တလေး- ဗန်းမော်လမ်းအတိုင်း သပိတ်ကျင်းမြို့နယ်ဘက်မှ တက်လာသည်ဟု သတင်းကြိုရထားသည့်အတွက် ည ၈ နာရီခန့်တွင် ထီးချိုင့်မြို့ အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာ မောင်းကုန်းရွာအနီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထီးချိုင့် PDF ၏ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

“မိုင်းဆွဲပြီးတော့ လက်နက်ကြီးနဲ့ပါ ပစ်လိုက်တော့ တစ်စီးကတော့ အကုန်ကြေမွပြီးတော့ ကားပေါ်ပါ လူတွေပါ သေသွားတာ။ ကျန်တဲ့နှစ်စီးကတော့လည်း ထိခိုက်သွားတာကတော့ သေချာတယ်” ၎င်းက ပြောသည်။

သေဆုံးသူတို့၏ ရုပ်အလောင်းများ၊ ပျက်စီးသွားသည့် ကားများကို စစ်ကောင်စီက ညတွင်းချင်း သယ်ဆောင်သွားသည်ဟု ၎င်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထီးချိုင့် PDF ၏ ပြောဆိုမှုနှင့် ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိရန် စစ်ကောင်စီ ပြန်ကြားရေးတာဝန်ယူထားသူတို့ကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။

ယနေ့မနက်တွင်မူ ထီးချိုင့်မြို့ပေါ်တွင် ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေသလို စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ကင်းလှည့်နေသည်ကိုတော့ တွေ့ရသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း အခြားမြို့နယ်များကဲ့သို့ပင် လက်နက်ကိုင်တော်လှန်နေသည့် ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီက PDF ကို နှိမ်နင်းရေး အကြောင်းပြချက်ဖြင့် ဒေသခံတို့ကို ဖမ်းဆီးသတ်ဖြတ်နေပြီး ယနေ့အထိ သေဆုံးသူ ဒေသခံ ၈ ဦး ထက်မနည်းရှိနေကာ ဖမ်းဆီးခံရသူ ၂၀ ကျော်အထိ ရှိနေသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၀ တွင် ထီးချိုင့်မြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ လေသာရွာကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး PDF နှင့် တိုက်ပွဲဖြစ်ရာ ယနေ့အထိ ရရှိသော ထပ်တိုးအချက်အလက်များအရ PDF ၅ ဦး သေဆုံးကာ လူငယ်တချို့ ဖမ်းဆီးခံရသည်။

စစ်ကောင်စီကို တော်လှန်ရန် မေလတွင် ဒေသခံပြည်သူများက ထီးချိုင့် PDF ကို စတင်ဖွဲ့စည်းခဲ့ပြီး စက်တင်ဘာမှစ၍ လက်နက်ကိုင်တော်လှန်ရေး အရှိန်မြှင့်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလနှင့် အောက်တိုဘာလဆန်းများတွင် ထီးချိုင့်မြို့နယ်အတွင်းရှိ ရဲကင်းစခန်း၂ ခုကို မီးရှို့ဖျက်ဆီးခဲ့သည့် ထီးချိုင့် PDF ၏ သတိပေးမှုကြောင့် ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၈ အုပ်စုရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအားလုံးနီးပါး နုတ်ထွက်စာတင်ခဲ့ကြသည်။

ထီးချိုင့် PDF က စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၅၀ ထက်မနည်းကို သုတ်သင်နိုင်ခဲ့သလို အုပ်ချုပ်ရေးမှူးများ၊ ဒလန်ဟု ယူဆရသူများကိုလည်း သုတ်သင်ခဲ့သည်ဟု ဆိုသည်။ 

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles