အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတွင် စစ်ကောင်စီတပ်က အကြမ်းဖက် ဧည့်စာရင်းစစ်

ယမန်နေ့ (စက်တင်ဘာ ၂၈) ညက မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာတိုက်တန်းအတွင်း တံခါးများကို ဖျက်ဆီးဝင်ရောက်သွားသည့် စစ်ကောင်စီတပ်က ဧည့်စာရင်းတိုင်မထားသူတို့ထံမှ မှတ်ပုံတင်သိမ်းယူသွားကြောင်း အဆိုပါတိုက်တန်းတွင် နေထိုင်သူများထံမှ သိရသည်။

မြရည်နန္ဒာတိုက်တန်း၊ အကွက်အမှတ် မမ-၂၈ အတွင်း နေထိုင်သူတို့၏ လက်ကိုင်ဖုန်းများကို စစ်ဆေးကာ အမျိုးသားတစ်ဦးကို လက်ပြန်ကြိုးတုပ် ဖမ်းဆီးကြောင်း၊ မှတ်ပုံတင် မည်မျှသိမ်းဆည်းသွားသည်ကို အတိအကျမသိရကြောင်း တိုက်တန်းတွင် နေထိုင်သူတို့ထံမှ သိရသည်။ 

“အစကတော့ ဧည့်စာရင်းစစ်တာလိုလိုပဲ။ ည ၁၀ နာရီဆိုတော့ စောလည်းစောသေးတယ်၊ ဝင်လာပြီးတော့ တိုက်အားလုံး စစ်မယ်ထင်နေတာ။ ဒါပေမဲ့ သူတို့ သတင်းရလို့ ဝင်စစ်တယ်လို့ ထင်တယ်။ တိုက်နှစ်လုံးပဲ စစ်သွားတယ်”ဟု မြရည်နန္ဒာတိုက်တန်းတွင် နေထိုင်သူ အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သားများက ဝင်ပေါက်တံခါးများကို ဖျက်ဆီးကြကြောင်း မျက်မြင်တွေ့သူများက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“တိုက်ရှေ့တွေမှာက ဆိုင်ကယ်တွေ လုံလုံခြုံခြုံထားဖို့အတွက် သံတံခါးတွေ ပိတ်ထားကြပြီး သော့ခတ်ထားတာ၊ အဲ့ဒီရှေ့ကနေ တံခါးဖွင့်ဖို့ အော်ဟစ်နေကြတာ။ သော့တွေလည်း ရိုက်ဖျက်၊ တံခါးတွေ ဖျက်ပြီး ဇွတ်ဝင်ကြတာ။ အစ်မကြီးတစ်ယောက်က သော့ကိုင်ပြီး ပြေးလာဖွင့်တာမှာ လာဖွင့်တာ နောက်ကျလို့ ဆိုပြီး (သေနတ်) အတိုတွေ၊ အရှည်တွေနဲ့ ချိန်ပြီး အော်ဟစ်နေတာ”ဟု အမျိုးသမီးတစ်ဦးက ၎င်းမြင်တွေ့ရပုံကို ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် မြရည်နန္ဒအိမ်ရာအတွင်း နေ့စဉ်နေ့တိုင်း ဝင်ရောက်ပစ်ခတ်သည့်အပြင် အိမ်ရာပန်းခြံအတွင်း တပ်စွဲအထိုင်ချထားသည်။

မြရည်နန္ဒအိမ်ရာရှိ တန်ဖိုးနည်းနှင့် တန်ဖိုးသင့် တိုက်ခန်းများတွင် နေထိုင်ကြသော အငြိမ်းစားဝန်ထမ်းများ၊ လက်ရှိဝန်ထမ်းများ၊ အရပ်သားများကို စစ်ကောင်စီက ဧည့်စာရင်းတိုင်ကြားရန် ဖိအားပေးလျက်ရှိပြီး မကြာခဏလည်း ဝင်ရောက်စစ်ဆေးနေသည်။

ဩဂုတ်လအတွင်းကလည်း မြရည်နန္ဒာရပ်ကွက်အတွင်းနေထိုင်သူများကို ဧည့်စာရင်းတိုင်ရန် ဖိအားပေးပြီး ရပ်ကွက်ဓမ္မာရုံတစ်ခုတွင် ဧည့်စာရင်းတိုင်ကြားမှု လက်ခံစဉ် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး ၅ ဦး ဒဏ်ရာရသွားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles