
အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်ရေးတိုက်ပွဲ စပြီဟု စက်တင်ဘာ ၇ရက်တွင် ကြေညာထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တော်လှန်ရေးနောက်တစ်ဆင့်ကို မကြာမီ မြင်တွေ့ရမည်ဟု ပြောကြားလိုက်သည်။
ဒေသအလိုက် တပြန့်တကျဲဖြစ်နေပြီး လက်နက်အင်အားနှင့် စစ်ပညာ အားနည်းချက်များရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များနှင့် မည်သို့ချိတ်ဆက်ဆောင်ရွက်နေသည်၊ မည်သို့ကူညီပံ့ပိုးနေသည်၊ စစ်ရေးဆိုင်ရာ မဟာဗျူဟာနှင့် တော်လှန်ရေး၏ အလားအလာ မည်သို့ရှိသည်တို့ကို NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/e0db7jVNvAU]