
တန့်ဆည်မြို့နယ် ကျီကုန်းရွာကို နှစ်ရက်အတွင်း နေအိမ် ၁၅ လုံးမီးရှို့ကာ ပြန်လည်ထွက်ခွာသွားသည့် စစ်ကောင်စီကားတစ်စီးကို ဒေသခံတိုက်ခိုက်ရေးအဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများကဆိုသည်။
ပျူစောထီးခေါင်းဆောင်ဟု နာမည်ထွက်နေသည့် မိသားစုဝင်ငါးယောက်ကို အမည်မသိအဖွဲ့က သတ်ဖြတ်သွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များက ကျီကုန်းရွာကို နှစ်ရက်ဆက်တိုက်ဝင်စီးကာ နေအိမ် ၁၅ လုံးနှင့် စပါးတင်းထောင်ချီသိုလှောင်ထားသည့် စပါးကျည်များကိုပါ မီးရှို့ဖျက်ဆီးသွားခဲ့သည်။
[youtube https://youtu.be/lphImhALf-M]