
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် စီးပွားရေးအကြံပေးလုပ်ခဲ့သူ ဩစတြေးလျနိုင်ငံသား ရှောင်တာနယ်လ်(Sean Turnell)ကို အဓိကတရားခံနေရာထားပြီး NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အစိုးရအဖွဲ့ဝင် သုံးဦးကို စွဲဆိုထားသည့် အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)အမှုကို စက်တင် ဘာ ၂၃ ရက်နေ့မှာ စတင်ရုံးထုတ်စစ်ဆေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်မှာ အွန်လိုင်းမှသာ တရားရုံးတက်ခွင့်ရခဲ့ကြောင်း၊ ဩစတြေးလျနိုင်ငံသား ရှောင်တာနယ်လ်နှင့် NLD ဝန်ကြီးများကို တရားခွင်သို့ ခေါ်လာကြောင်း၊ ရှေ့နေက ပြောသည်။
[youtube https://youtu.be/d1jFMOI41BA]