
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ယမန်နေ့ (စက်တင်ဘာ ၂၂) ညပိုင်းက တိုက်ပွဲဖြစ်ရာ ဘုရားရှိခိုးကျောင်းတစ်ခုနှင့် အဆောက်အအုံတချို့ လက်နက်ကြီးကျည် ထိမှန်ပျက်စီးသွားသည်။
စစ်ကောင်စီတပ်များသည် ဒေသခံ CDF များနှင့် တိုက်ပွဲများပြင်းထန်နေသည့် ချင်းပြည်နယ်တွင် ခရစ်ယာန်ဘုရားကျောင်းများတွင် တပ်စွဲခြင်း၊ အရက်သောက်စားခြင်း၊ ကျမ်းစာအုပ်များကို ဖျက်ဆီးခြင်း၊ ဘုရားကျောင်းများကို ပစ်ခတ်ခြင်းများသည် ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခ အသွင်ဆောင်သည့် ဖြစ်ရပ်များ ဖြစ်စေနိုင်သည့်အတွက် အပြင်းအထန်ရှုတ်ချကြောင်း ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က စက်တင်ဘာ ၁၉ တွင် ထုတ်ပြန်သည်။
[youtube https://youtu.be/kNsGn0FWago]



