
ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်ရာတွင် အသုံးပြုနေသည့် လက်နက်များ၊ ကျည်ဆန်များဝယ်ယူရန်အတွက် လိုအပ်သော ဝင်ငွေများစွာရရှိနေသည့် စစ်တပ်ထုတ်ကုန်များကို ပြည်သူများ မသုံးစွဲရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထပ်မံတောင်းဆိုလိုက်သည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက စစ်တပ်ထုတ်ကုန်များကို မသုံးစွဲရန် ပြည်သူများက သပိတ်မှောက်ခဲ့ကြပြီး စစ်ကောင်စီအတွက် ဝင်ငွေထိခိုက်ခဲ့သော်လည်း ယခုအခါ တချို့ပြည်သူများသည် စစ်တပ်ထုတ်ကုန်များကို ပြန်လည်သုံးစွဲလာသဖြင့် ထပ်မံတောင်းဆိုရခြင်းဖြစ်သည်။
[youtube https://youtu.be/YBIyLAWLV4E]