
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ထုတ်ပြန်သော စာနှစ်စောင်ကို အကြောင်းပြု၍ နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော်ရှိ အထူးတရားရုံးက ယနေ့(စက်တင်ဘာ ၂၁) တွင် စွဲချက်တင်လိုက်သည်။
ထိုစာများမှာ ၎င်းတို့ ဖမ်းခံရပြီးနောက်ပိုင်းမှ ပါတီက ထုတ်ပြန်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁ အာဏာသိမ်းကြောင်း မကြေညာမီ၌ပင် ဖမ်းခံထားရသည့် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့နှင့် မသက်ဆိုင်ဟု စွပ်စွဲခံရသူနှင့် ၎င်းတို့၏ ရှေ့နေများက ရပ်ခံထုချေနေခြင်းဖြစ်သည်။
[youtube https://youtu.be/h3LmNo9yPoU]