အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်မြို့တွင်း အခြေအနေ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့တော်လှန်ရေးစတင်ကြောင်း ယနေ့ (စက်တင်ဘာ ၇) နံနက်ပိုင်းတွင် ကြေညာပြီးနောက် လူဦးရေအများဆုံးနေထိုင်ရာ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာများနှင့် ဆေးဆိုင်များတွင် ပုံမှန်ထက် ဝယ်ယူသူများပြားခဲ့သည်။

ရန်ကုန်မြို့ရှိ လမ်းမများပေါ်တွင် လူသွားလူလာနည်းပါးလျက်ရှိသော်လည်း မော်တော်ကားအရေ အတွက် ပုံမှန်ထက်များပြားလျက်ရှိသည်။ လူမှုကွန်ရက်မီဒီယာအချို့တွင် ရိက္ခာစုဆောင်းဝယ်ယူမှု မရှိသည့်အသွင် ဝါဒဖြန့်ရေးသားမှုများ ရှိနေသော်လည်း ယခင်ရက်များထက် ဈေးဝယ်သူ များပြား လျက်ရှိသည်ကို တွေ့ရသည်။
ဓာတ်ပုံများ − Myanmar Now

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles