
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ပြည်သူများက ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ဆက်လက်ဆန္ဒပြခဲ့ကြသည်။ မုံရွာမြို့သည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများ အားကောင်းသည့်မြို့တစ်မြို့ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက အာရုံစိုက် ပစ်ခတ်၊ဖြိုခွဲခဲ့သည့် မြို့လည်းဖြစ်သည်။
မုံရွာမြို့မှ ဆန္ဒပြခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားဖြင့်တိုက်ကာ ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၁၀ ခုဖြင့် တရားစွဲဆိုထားသည်။စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှန်သမျှကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီး၊ ပစ်ခတ်၊ သတ်ဖြတ်မှုများ ပိုက်စိပ်တိုက်ပြုလုပ်နေသော်လည်း မြို့အသီးသီးတွင် လူငယ်များက ပြောက်ကျားဆန္ဒပြမှုများ ဆက်လက်ပြုလုပ်နေကြဆဲဖြစ်သည်။
[youtube https://youtu.be/UP0n8bzShNY]