အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

“Burma Bill” ခေါ် မြန်မာနိုင်ငံဆိုင်ရာ ဥပဒေကြမ်းကို အမေရိကန်လွှတ်တော်က အတည်ပြုပေးဖို့ တောင်းဆို

အမေရိကန်အထက်လွှတ်တော်အမတ် ဘန်ကာဒင်နှင့် အောက်လွှတ်တော်အမတ် ဂရက်ဂရီမစ်ခ်စ်တို့ ရေးဆွဲပေးထားသည့် “Burma Bill” ခေါ် မြန်မာနိုင်ငံဆိုင်ရာ ဥပဒေကြမ်းတစ်ခုကို လွှတ်တော်က အတည်ပြုပေးဖို့ အမေရိကန်ပြည်ထောင်စု မယ်ရီလန်း၊ ဗာဂျီးနီးယားနှင့် မြို့တော်ဒီစီတို့ရှိ မြန်မာအသိုင်းအဝိုင်းများက အားပေးတိုက်တွန်းသည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့သည်။

အဆိုပါဥပဒေကြမ်းသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရေး၊ မြန်မာအရပ်ဘက်အဖွဲ့အစည်းများကို ထောက်ပံ့ကူညီပေးရေး၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းအပေါ် အရေးယူပိတ်ဆို့ရေးတို့ကို တောင်းဆိုထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်ပြုရေးကိုပါ အဆိုပါဥပဒေကြမ်းတွင် ထည့်သွင်းပေးရန် မြန်မာအသိုင်းအဝိုင်းက တောင်းဆိုခဲ့ကြသည်။

[youtube https://youtu.be/1do60-blMl4]

Related Articles

Back to top button