
စစ်ကောင်စီလက်နက်ကိုင်တပ်များကို ပစ်မှတ်ထားဖောက်ခွဲခဲ့သည့် ကြီးမားသောပေါက်ကွဲမှုများတွင် စစ်အာဏာသိမ်းမှုကို မလိုလားသည့် တပ်မတော်သားများ၏ အကူအညီရရှိခဲ့ကြောင်း ရန်ကုန်အခြေစိုက် မြို့ပြ ပြောက်ကျားအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ထုတ်ဖော်ပြောကြားလိုက်ပါသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တပ်တွင်းဖိနှိပ်မှု၊ မညီမျှမှု၊ ဆန္ဒပြပြည်သူများကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်မှုများကို မနှစ်မြို့သည့် အရာရှိတချို့နှင့် အောက်ခြေတပ်သားများသည် စစ်ကောင်စီကို အန်တုပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်လာကြသလို မိသားစုလုံခြုံရေးကြောင့် CDM မဝင်နိုင်သည့် အချို့တပ်မတော်သားများကလည်း မြို့ပြပြောက်ကျားလူငယ်များကို အကူအညီပေးနေကြကြောင်း သိရပါသည်။
[youtube https://youtu.be/eo1bf4NwTTw]