ရုပ်သံသတင်း

မန္တလေးအတွက် ရန်ကုန်ကလူငယ်များ ထကြွဆန္ဒပြ

“အားတင်းထားပါ မန္တလေးရာ မင်းတို့နောက်မှာ ရန်ကုန် ရှိတယ်” ဟူ၍ ကြွေးကြော်၍ ရန်ကုန်မြို့ရှိ လူငယ်များက ညောင်ပင်လေးဈေးတွင် ယနေ့(ဇွန် ၂၂) နေ့လယ်ပိုင်းက ဆန္ဒပြကြသည်။

မန္တလေးမြို့၊ ၁၁၁လမ်းနှင့် ၅၄လမ်းထောင့်ရှိ နေအိမ်ကို စစ်ကောင်စီတပ်များ ယနေ့နံနက်ပိုင်းက ဝင်ရောက်စီးနင်းစဉ် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်(မန္တလေး)ဘက်မှ ၈ဦး သေဆုံးပြီး ၈ဦး ကို ဖမ်းမိခဲ့သည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လည်း အပြင်းအထန် ဒဏ်ရာရထားသည်ဟု ဆိုသော်လည်း အရေအတွက် အတိအကျ ထုတ်ပြန်ထားခြင်း မရှိပေ။

[youtube https://youtu.be/H4Tl-8HLExc]

Show More

Related Articles

Back to top button