အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

နိုင်ငံအနှံ့ ပန်းရနံ့များ ထုံမွမ်းသွားသည့် ထိန်းသိမ်းခံ လူထုခေါင်းဆောင်၏ မွေးနေ့

စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့(ဇွန် ၁၉) ကျရောက်သည့် ၇၆နှစ်ပြည့် မွေးနေ့တွင် နိုင်ငံတစ်ဝန်းရှိ ပြည်သူများက စစ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း ပုံစံမျိုးစုံဖြင့် ပြသခဲ့ကြသည်။

မြန်မာဝတ်စုံဖြင့် အမြဲပန်းပန်လေ့ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် ပြည်သူအများက မွေးနေ့ဆုတောင်းပေးကြသလို အိမ်နေရင်း၊ ဈေးရောင်းရင်း၊ အပြင်သွားရင် ပန်းပန်ကြကာ စစ်အာဏာရှင်ကို ဆန့်ကျင်သည့် တော်လှန်ရေး မွေးနေ့ အဖြစ် ပုံစံပြောင်းပစ်လိုက်ကြသည်။

[youtube https://youtu.be/k2uEHlrd6no]

Related Articles

Back to top button