
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ၁၃ ရပ်ကွက်က အုပ်ချုပ်ရေးမှူး ဦးလှဦးသည့် ယနေ့ ဇွန် ၁၆ ရက်နေ့ မနက်ပိုင်းတွင် သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခံလိုက်ရကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက မြန်မာနောင်းကို အတည်ပြုပါသည်။
သူသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လှိုင်သာယာမြို့နယ်အတွင်းက ဆန္ဒပြမှုများကိုဖြိုခွဲရာတွင် ဦးဆောင်ကူညီပေးခဲ့သူဟု သိရပါသည်။ ပြီးခဲ့သည့် ဇွန် ၁ ရက်ကလည်း လှိုင်သာယာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်သူ ဦးစိုင်းလင်းဇော်သည်လည်း ကားပေါ်တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရဖူးပါသည်။
[youtube https://youtu.be/iDbf0VlPkmM]