ရုပ်သံသတင်း

ရန်ကုန်ဆန္ဒပြပွဲ စစ်ကောင်စီဖြိုခွင်း လူငယ်ငါးဦးဖမ်းဆီးခံရ

ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် သပိတ်စုံသူပုန်ထ ဆန္ဒပြပွဲ စတင်ချိန်တွင် စစ်ကောင်စီဘက်က အင်အား ၃၀ ခန့်ဖြင့် ဝင်ရောက်ဖြိုခွင်းဖမ်းဆီးခဲ့သဖြင့် ဆန္ဒပြလူငယ် ၅ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု သိရပါသည်။

စစ်အာဏာသိမ်းမှု ၄ လခွဲရှိပြီဖြစ်သော်လည်း တစ်နိုင်ငံလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဆက်လက်အားကောင်းနေဆဲဖြစ်ပါသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာအနှံ့ ဖမ်းဆီး၊ ပစ်ခတ်မှုတွေလုပ်နေသော်လည်း မြို့ကြီးများတွင်ပင် လူငယ်များက ပြောက်ကျားဆန္ဒပြမှုများ နေ့စဉ်ပြုလုပ်နေကြဆဲဖြစ်သည်။

[youtube https://youtu.be/xNKUnjJHQ-w]

Show More

Related Articles

Back to top button