ရုပ်သံသတင်း

မန္တလေးမှာ PDF တွေ ဘယ်လိုလှုပ်ရှားနေလဲ

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်(PDF)က ပြောက်ကျားတိုက်ခိုက်ရေးသမားများသည် စစ်ကောင်စီ၏ အားနည်းသောပစ်မှတ်များဖြစ်သည့် အုပ်ချုပ်ရေးရုံးများ၊ တပ်ပိုင်စီးပွားရေးလုပ်ငန်းအဆာက်အအုံများနှင့် လုံခြံရေးယူနေသော ရဲနှင့်စစ်သားများကိုနေ့စဉ် ခြိမ်းခြောက်လျက်ရှိသည်။ ပြီးခဲ့သည့် ဇွန်လ(၁)ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ်၌ စစ်ကောင်စီ စစ်သားများကို ကားပေါ်မှသေနတ်ဖြင့် ပတ်ခတ်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့သလို ဇွန်လ(၈)ရက်တွင်လည်း ရဲနှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

မန္တလေး PDF သည် အခြားပြောက်ကျားအဖွဲ့(၂၁)ဖွဲ့နှင့်ချိတ်ဆက်ပြီး မန္တလေးမြို့တွင် တိုက်ခိုက်ရေးများလုပ်ဆောင်နေသလို ပြည်သူလူထုအန္တရာယ်မဖြစ်ရေးကို အထူးဂရုပြုလုပ်ဆောင်နေကြောင်း ပြောက်ကျားခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ထွန်းတောက်နိုင်ကို Myanmar Now က တွေ့ဆုံပြီး ပြောက်ကျားလှုပ်ရှားမှုနှင့် စိန်ခေါ်မှုများကို မေးမြန်းထားသည်။

[youtube https://youtu.be/KfVsI1pdcDc]

Show More

Related Articles

Back to top button