
အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် အဖွဲ့အစည်းများနှင့်အဆက်အသွယ်ရှိမရှိဆိုသောအကြောင်းပြချက်ဖြင့် ပါတီများ၏ ပိုင်ဆိုင်မှုနှင့်ဆက်စပ်သည့်ကိစ္စရပ်များကို စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံရေးပါတီများကို ဝင်ရောက် စစ်ဆေးခဲ့သည်။
CRPH၊ NUG၊ PDF တို့တွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း စစ်ကောင်စီက အတင်းဖိအားပေး ခြိမ်းခြောက်ပြီး ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းခြင်းသည် တရားမဝင်ကြောင်း NLD ပါတီက ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်ထားပါသည်။
[youtube https://youtu.be/y53C8g1b-qE]