
အာဏာသိမ်းစစ်တပ်ကိုစွန့်ခွာပြီး ပြည်သူ့ဘက်မှရပ်တည်ကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်လာသည့် တပ်မတော်သား ၈၀၀ခန့် ရှိလာပြီး ၎င်းတို့အနက် ၇၅ရာခိုင်နှုန်းမှာ ပြည်သူ့ကာကွယ်ရေးတပ်(PDF) နှင့် ပူးပေါင်းပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမည်ဟု CDM ဝင်လိုသည့် တပ်မတော်သားများကို ကူညီဆောင်ရွက်ပေးနေသူ ဗိုလ်ကြီးလင်းထက်အောင်က Myanmar Now ကို ပြောသည်။
ပြည်သူ့ဘက်ကရပ်တည်လာသည့် တပ်မတော်သားများ တစ်စတစ်စ ပိုများလာသဖြင့် တပ်တွင်းဖိနှိပ်မှုများစွာရှိနေကြောင်း၊ တပ်အတွင်း ကျန်နေခဲ့သည့် CDM တပ်မတော်သား ၅၀ဦးခန့်၏ မိသားစုဝင်များမှာ ဖမ်းချုပ်၊ ပိတ်လှောင်ခံထားရကြောင်း ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။ ပြန်ပေးဆွဲထားသလိုဖြစ်နေသည့် အာဏာသိမ်းစစ်ကောင်စီ၏ ထိုလုပ်ရပ်သည် ‘ဓားပြ’ ကဲ့သို့ ကျူးလွန်နေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
[youtube https://youtu.be/YWm7RXwqAH4]