
မတရားအသင်းကြေညာခံထားရသည့် အဖွဲ့အစည်းနှင့် ပတ်သက်နေသည့် နိုင်ငံရေးပါတီများရှိမရှိ စိစစ်ပေးရန် ပြည်ထဲရေးဝန်ကြီးဌာနကို စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားစာပေးပို့လိုက်သည်။
မေလ ၂၁ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် နိုင်ငံရေးပါတီများနှင့် UEC တွေ့ဆုံပွဲတွင် NLD ပါတီကို ဖျက်သိမ်းပြီး ခေါင်းဆောင်များကို နိုင်ငံတော်သစ္စာဖောက်အဖြစ် အရေးယူမည်ဟု ကြုံးဝါးပြီးနောက် ထိုသို့စာပေးဖို့ခြင်းသည် NLD ပါတီကို ဖျက်သိမ်းရန် စစ်ကောင်စီ၏ နောက်ထပ်ခြေလှမ်းဖြစ်သည်။
[youtube https://youtu.be/ILDbaaXplzQ]