အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၃၀၀၀ ခန့်ရှိလာ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့ ၃ လကျော်ကြာဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်အတွင်းတွင် စစ်ဘေးရှောင် ၃ ထောင်ခန့် ရှိလာခဲ့သည်။

ယခုနှစ် ဇွန်လ ၂ ရက်နေ့ကစတင်ခဲ့သည့် RCSS နဲ့ SSPP၊ TNLA ပူးပေါင်းအဖွဲ့များ၏ တိုက်ပွဲများသည် လက်ရှိအချိန်အထိ စစ်ရေးအခြေအနေတင်းမာနေဆဲဖြစ်ပြီး ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၂ ရွာက စစ်ဘေးရှောင်များသည် မိမိနေရပ်ကို မပြန်ရဲကြဘဲ ယာယီစစ်ဘေးရှောင်စခန်း ၁၁ ခုတွင် ခိုလှုံနေကြရသည်။

[youtube https://youtu.be/Lzc8hJEPjMc]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles