
ရွာလုံးကျွတ်မီးရှို့ခံထားရတဲ့ ပေါက်မြို့နယ် ကင်းမကျေးရွာနဲ့ ပတ်ဝန်းကျင်က ရွာတွေကို စစ်ကောင်စီလက်နက်ကိုင် အင်အားတစ်ရာကျော်က ဝင်ရောက်စီးနင်းပြီး ဒေသခံနှစ်ဦးကိုသတ်ဖြတ်ခဲ့သလို အသုံးအဆောင်ပစ္စည်းတွေကို ယူဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကင်းမရွာမှ စက်တာဘာ ၃ ရက်နေ့တွင် ပြန်လည်ဆုတ်ခွာသွားပြီး လမ်းတစ်လျှောက်တွင်ရှိသော ဘိုမယ်ရွာ၊ တပ်ကုန်းရွာများကိုဝင်ရောက်စီးနင်းပြီး နေအိမ်များကိုလည်း ဖျက်ဆီးခဲ့ကြောင်းသိရပါသည်။
[youtube https://youtu.be/X0CEn9pC7BE]