
အင်အားတစ်ရာကျော်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သြဂုတ် ၂၆ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကပေါင်းကျကျေးရွာကို ဝင်ရောက်စီးနင်းဖျက်ဆီးခဲ့ပြီး ဩဂုတ်လ ၃၀ ညနေပိုင်းတွင် ပြန်လည်ထွက်ခွာသွားခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းမှုကြောင့် အရပ်သားားပြည်သူ ရှစ်ဦးသတ်ဖြတ်ခံခဲ့ရပြီး နေအိမ်ဆယ်လုံးကျော်ကို ဖျက်ဆီးခံခဲ့ရကာ ကျေးရွာအတွင်းရှိ ကြက်၊ဝက် အများအပြားကိုလည်း သတ်ဖြတ်ယူဆောင်သွားခဲ့ကြောင်း ဒေသခံတွေကပြောသည်။
[youtube https://youtu.be/3IwV2gIzMe8]